မင်းသမီးချောလေးမိုးယုစံကတော့ အနုပညာလောကမှာနေရာတစ်ခုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ အောင်မြင်တဲ့သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်ထားနိုင်ခဲ့တဲ့ သူမကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေအပြင် ဗီဒီယိုဇာတ်ကားတွေများစွာကို ရိုက်ကူးခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

photo credit : Moe Yu San 's facebook acc
photo credit : Moe Yu San 's facebook acc

အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားနိုင်ပြီး ချစ်စရာကောင်းလွန်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားနိုင်ခဲ့တဲ့ သူမကတော့ ယနေ့အချိန်ထိနုပျိုလှပလျက်ရှိနေတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ယခုမှာ အနုပညာအလုပ်တွေနဲ့ ဝေးကွာလျက်ရှိနေခဲ့တဲ့ သူမကတော့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်ကို တင်ပေးလေ့ရှိသူလေးပဲဖြစ်ပါတယ်။

photo credit : Moe Yu San 's facebook acc
photo credit : Moe Yu San 's facebook acc

မိုးယုစံရဲ့သားလေးကတော့ ယခုမှာ မေမေဗိုက်ထဲက ရင်သွေးလေးဟာ ညီမလေးလို့ ခန့်မှန်းလိုက်ပြီး ပုံလေးတွေကို သေသေချာချာလေးကြည့်နေခဲ့ပါတယ်။ သူမကတော့ " သားသားလေးတွက် ညီလေးလား ညီမလေးလားမသိ ဘာလေးပဲဖြစ်ဖြစ် သားသားက အကိုကြီးပီသမှာတော့ မာမီသိတယ် " ဆိုပြီး သားလေးရဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုဖိုင်လေးနဲ့အတူ သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးမိုးယုစံသားလေးရဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

source : Moe Yu San 's facebook acc

photo credit : Moe Yu San 's facebook acc
photo credit : Moe Yu San 's facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။