OGA Dota PIT S2: Europe CIS ပြိုင်ပွဲကတော့ဒီကနေ့ဆိုရင် final day ကိုရောက်ရှိလာခဲ့ပြီဖြစ်ပဲဖြစ်ပါတယ်။

အသင်းတွေအနေနဲ့ဆိုရင်လည်း top 3 သုံးသင်သာကျန်တော့ပြီး ကျန်တဲ့အသင်းတွေကတော့ ပြိုင်ပွဲကနေ ထွက်ခွာသွားရပြီပဲဖြစ်ပါတယ်။

ဒီကနေ့မှာဆိုရင်လည်း lower brack final ပွဲစဉ်နဲ့ Grand Final ပွဲစဉ်တို့ကို ကစားပြီး ပြိုင်ပွဲကို အဆုံးသတ်မှာဖြစ်ပြီး lower bracket final မှာတော့ Alliance နဲ့ OG တို့က bo 3 ပွဲစဉ်အဖြစ် မြန်မာစံတော်ချိန် 6:30 pm မှာဆော့ကစားသွားမှာပဲဖြစ်ပါတယ်။

ဒီနှစ်သင်းထဲက နိုင်တဲ့အသင်းကတော့ Nigma နဲ့ Grand Fianl match ကို မြန်မာစံတော်ချိန် 10:30 pm မှာ Bo 5 seires အဖြစ် ယှဉ်ပြိုင်ဆော့ကစားသွားရမှာပဲဖြစ်ပါတယ်။

အနိုင်ရရှိတဲ့အသင်းကတော့ ဆုကြေးငွေ $70,873 နဲ့အတူ champion ဆုကြီးကို ရယူပိုင်ဆိုင်မှာပဲဖြစ်ပြီး ဒုတိယရရှိတဲ့အသင်းကတော့ $36,822 ကိုရရှိမှာပဲဖြစ်ပါတယ်။

Grand Final ကစောင့်နေတဲ့ Nigma အနေနဲ့လည်း OG ကို Semifinal မှာ 2:0 ရိုက်ချခဲ့သလို Alliance ကိုလည်း Upper Bracket Final မှာ 2:1 နဲ့အနိုင်ရရှိထားတာဆိုတော့ ဒီနှစ်သင်းထဲက ဘယ်အသင်းပဲတက်လာလာ ထပ်ပြီးရိုက်ချနိုင်ဦးမလားဆိုတာကိုတော့ ရင်ခုန်စွာနဲ့ စောင့်ကြည့်သွားရမှာပါပဲ။

source - Liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။