ချစ်ပရိသတ်ကြီးရေ ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်ဖြစ်သလို ဒါရိုက်တာလည်းဖြစ်တဲ့ ကိုပေါက်ကတော့ အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားနေတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ သူရဲ့ ဟာသ ဗီဒီယိုဖိုင်လေးတွေနဲ့ Tiktokဗီဒီယိုဖိုင်လေးတွေက လတ်တလော လူမှုကွန်ယက်စာမျက်နှာထက်မှာ ပရိသတ်တွေကြား ရေပန်စားလူကြိုက်များနေတာကိုလည်း တွေ့ရပါတယ်။ သူရဲ့ လှုပ်ရှားမှုပုံရိပ်တိုင်းကို လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာက တဆင့်တင်ပေးလေ့ရှိတဲ့ ကိုပေါက်က ယနေ့မှာလည်း ပိုစ့်တစ်ခု တင်ပေးလာခဲ့ပါတယ်။ 

Photo credit-Aung Min Naing's FB account
Photo credit-Aung Min Naing's FB account

ကိုပေါက်ကတော့ ယနေ့မှာ အနုပညာလောကထဲက ညီအကိုတွေလို ခင်မင်ရင်းနှီးကြတဲ့ ကျော်ကျော်ဗိုလ်၊ ထွန်းထွန်း ၊ မင်းမော်ကွန်း တို့နဲအတူ ညစာစားပွဲလေးကျင်းပနေခဲ့တာပဲဖြစ်ပါတယ်။ အနုပညာလောကမှာ အောင်မြင်မှုများစွာရရှိထားပြီး တစ်ယောက်က တစ်ယောက်ရဲ့ အခက်အခဲတွေကိုလည်း ကူညီဖြေရှင်းပေးရင်း လက်တွဲညီညီနဲ့ ခင်မင်လာခဲ့တဲ့ သူတို့ ၄ယောက်ကို ပရိသတ်တွေကလည်း အားပေးချစ်ခင်နေကြတာပါနော်။ ဟာသဉာဏ်ရွှင်တဲ့ သူတို့ ၄ယောက်ဆုံလိုက်တုန်းမှာ အမြဲပျော်ရွှင်စရာတွေသာဖန်တီးနေပြီး ဘဝကို အေးချမ်းပျော်ရွှင်စွာဖြတ်သန်းနေတာကိုလည်း တွေ့ရပါတယ်။ 

Photo credit-Aung Min Naing's FB account
Photo credit-Aung Min Naing's FB account

ယနေ့မှာတော့ သူငယ်ချင်းတွေ ဆုံတုန်း ပျော်ပျော်ပါးပါး ညစာစားပွဲလေးကျင်းပပြီး ဟာသတွေပြောကာ ရယ်မောပျော်ရွှင်နေတာကိုလည်း တွေ့ရပါတယ်။ ကိုပေါက်က ကျော်ကျော်ဗိုလ်၊ ထွန်းထွန်း ၊ မင်းမော်ကွန်းတို့ရဲ့ ညစာစားနေတာကို ဗီဒီယိုဖိုင်ရိုက်ကူးရင်း သူရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ပေးလာတာပါ။ ဗီဒီယိုဖိုင်လေးအပြင် " ညီအစ်ကို သူငယ်ချင်းများရဲ့ ညစာ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ချစ်ပရိသတ်တွေကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ 

Photo credit-Aung Min Naing's FB account
Photo credit-Aung Min Naing's FB account
Photo credit-Aung Min Naing's FB account
Photo credit-Aung Min Naing's FB account

Photo credit-Aung Min Naing's FB account

Source -Aung Min Naing's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။