ပရိသတ်ကြီးရေ....အသံချိုချိုလေးနဲ့ သီချင်းကောင်းလေးတွေကို ကိုယ်တိုင်ရေးသားသီဆိုတတ်တဲ့ အဆိုတော်မလေးပိုပိုကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာချစ်ဖူးခဲ့သမျှတေးစီးရီးနဲ့ ပရိသတ်တွေကြားမှာစတင်ပြီး ရေပန်းစားလာခဲ့တာဖြစ်ပြီး လူငယ်တွေကြားမှာအကြိုက်တွေ့ခဲ့တဲ့ တေးသီချင်းကောင်းလေးတွေပဲဖြစ်ပါတယ်။ ပိုပိုဟာ ကိုယ်ပိုင်လည်းစတူဒီယိုလုပ်ထားတာဖြစ်ပြီး ပရိသတ်တွေအတွက်သီချင်းကောင်းလေးတွေကို အမြဲလိုလိုကြိုးစားသီဆိုနေသူတစ်ယောက်ပါ။


Photo credit-Po Po's Facebook acc
Photo credit-Po Po's Facebook acc

ပိုပိုဟာ အခုလက်ရှိမှာလည်းသူမရဲ့သီချင်းသစ်တွေအတွက် music videoတွေရိုက်ကူးနေတာလည်းဖြစ်ပါတယ်။ မျက်နှာပြည့်ပြည့်လေးနဲ့ ချစ်စရာကောင်းတဲ့ပိုပိုဟာ သူမရဲ့ဘော်ဒီနဲ့ပက်သက်ပြီးတော့လည်း လေ့ကျင့်ခန်းတွေလုပ်လေ့ရှိသူလည်းဖြစ်ပါတယ်။ အမြဲလိုလိုမျက်နှာချိုချိုလေးနဲ့ တစ်နေ့တခြားလှလာနေတဲ့ အဆိုတော်မလေးပိုပိုကိုလည်း ပရိသတ်ကြီးချစ်ခင်အားပေးကြမယ်ထင်ပါတယ်နော်။


Photo credit-Po Po's Facebook acc
Photo credit-Po Po's Facebook acc

ပိုပိုဟာ မကြာခဏဆိုသလိုလည်းသူမရဲ့ ချစ်စရာပုံရိပ်လေးတွေနဲ့အနုပညာလှုပ်ရှားမှုလေးတွေကို social networkတွင်တင်ပေးလေ့ရှိသူပါ။ မကြာသေးမီကလည်းသူမရဲ့ Facebookစာမျက်နှာမှာ "ကိုယ် အရမ်း လှနေတယ်မလား ?ကိုယ့် မျက်နှာ အစိတ်ပိုင်း တစ်ခုလုံး မှာဘယ်အစိတ်ပိုင်းကို အကြိုက်ဆုံးလဲ" ဆိုပြီး ပရိသတ်ကြီးကိုမေးခွန်းလေးမေးကာ သူမရဲ့selfieပုံလေးတွေကိုတင်ပေးလာပါတယ်။ ကဲ....ပိုပို့ကိုချစ်တဲ့ ပရိသတ်ကြီးရေ ဒီမေးခွန်းလေးကိုဖြေသွားလိုက်ပါဦးနော်....။


Photo credit-Po Po's Facebook acc
Photo credit-Po Po's Facebook acc

Source-Po Po's Facebook acc

Photo credit-Po Po's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။