အဆိုတော်၊သရုပ်ဆောင် ရွှေထူးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ရွှေမှုံရတီနဲ့ ထိမ်းမြားလက်ထပ်ပြီး နှစ်ကိုယ်တူဘဝလေးတစ်ခုကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ရွှေထူးအနေနဲ့ သူ့ရဲ့ချစ်ဇနီးလေးအပေါ်မှာ ဂရုစိုက်ကြင်နာတတ်ပြီး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်သည်ဘဝလေးကို ရရှိအောင်ဖန်တီးပေးနေတာ ဖြစ်ပါတယ်။ ရွှေထူးနဲ့ရွှေမှုံတို့ဇနီးမောင်နှံက တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြပြီး ကြည်နူးစရာကောင်းနေတာလည်း ဖြစ်ပါတယ်။

Photo Credit-Htoo Khant's FB Acc
Photo Credit-Htoo Khant's FB Acc
Photo Credit-Htoo Khant's FB Acc

ရွှေထူးတို့ဇနီးမောင်နှံကတော့ လက်ရှိအချိန်မှာ အနုပညာအလုပ်တွေကို အတူလက်တွဲပြီး လုပ်ကိုင်နေကြသလို မကြာသေးခင်ကလည်း "မိုးစက်များကပြောသော" ဆိုတဲ့သီချင်းလေးကို အတူဖန်တီးခဲ့ကြတာပဲ ဖြစ်ပါတယ်။ ချစ်ဇနီးလေးကို အရမ်းချစ်တတ်တဲ့ ရွှေထူးကတော့ မကြာခဏဆိုသလို ရွှေမှုံရဲ့လှုပ်ရှားမှုလေးတွေကို ဓာတ်ပုံလေးတွေ၊ဗီဒီယိုလေးတွေရိုက်ပြီး မျှဝေပေးတတ်တာ ဖြစ်ပါတယ်။ အခုလည်း ရွှေထူးက ချစ်စရာကောင်းတဲ့ ရွှေမှုံရဲ့ဗီဒီယိုလေးကို တင်ထားတာ ဖြစ်ပါတယ်။

Photo Credit-Htoo Khant's FB Acc
Photo Credit-Htoo Khant's FB Acc
Photo Credit-Htoo Khant's FB Acc

အိမ်နေရင်းပုံစံလေးနဲ့တောင် ဟန်ဆောင်မှုကင်းပြီး ချစ်ဖို့ကောင်းနေတဲ့ ချစ်ဇနီးလေးကို ရွှေထူးကဗီဒီယိုလေးရိုက်ကာ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးမှာတော့ ရွှေမှုံရတီက သူမရဲ့အချစ်တော်ခွေးလေးတွေကို အစာကျွေးရင်း လွတ်လပ်ပေါ့ပါးစွာ ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ရွှေမှုံရတီရဲ့ချစ်စရာကောင်းတဲ့ဗီဒီယိုလေးကို အောက်မှာ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Htoo Khant's FB Story 

Photo Credit-Htoo Khant's FB Acc
Photo Credit-Htoo Khant's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။