ပြည်သူ့အချစ်တော်လေး စန္ဒီမြင့်လွင် က ယနေ့မှာဆိုရင် လွတ်လပ်ပေါ့ပါးတဲ့ ယောကျာ်းလေးဆန်ဆန် ဆံပင်ပုံလေးညှပ်ပြီး ချစ်စရာကောင်းနေတဲ့ ဒီပုံလေးတွေကို ပရိသတ်တွေအတွက်တင်ပေးလာခဲ့ပါတယ်။ စန္ဒီမြင့်လွင် က လွတ်လပ်ပေါ့ပါးတာကို သဘောကျကြိုက်နှစ်သတ်တာကြောင့် အမြဲလိုလို ဆံပင်အတိုလေးတွေပဲ ညှပ်တာကိုတွေ့ရပါတယ် ။ ဒီလို ယောကျာ်းဆန်ဆန် ဆံပင်စံလေးကလည်း သူမနဲ့ ကြည့်လို့ကောင်းနေပြီး လိုက်ဖက်တာကို တွေ့ရပါတယ်။

Photo Credit - Sandy Myint Lwin's facebook Account

ဒါ့အပြင် ဆံပင်ညှပ်နေတဲ့ အချိန်လေးမှာလည်း နှုတ်ခမ်းလေး ထော်ထော်ပြီး ချစ်စရာကောင်းနေတဲ့ အမူအရာလေးတွေနဲ့ ပို့စ်ပေးနေတာ ကလည်း ကြည့်လို့ကောင်းပါတယ်။ ဒီပုံလေးတွေနဲ့ စန္ဒီမြင့်လွင် က " ဂျပင်လေးလဲညှပ်လိုက်သေးတယ် ညှပ်ညှပ်တီချယ်ကြီးနဲ့တွေ့ရင်လေ " ဆိုပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြထားပါသေးတယ်။ စန္ဒီမြင့်လွင် ညှပ်လိုက်တဲ့ ဆံပင်ပုံစံလေးကို သူမ ကသဘောကျနေသလို ပေါ့ပေါ့ပါးပါး နဲ့ နေချင်တဲ့ မိန်းကလေး ပရိသတ်တွေလည်း သဘောကျကြိုက်နှစ်သတ်မယ်လို့ထင်ပါတယ်။

Photo Credit - Sandy Myint Lwin's facebook Account
Photo Credit - Sandy Myint Lwin's facebook Account

လတ်တလောမှာဆိုရင် စန္ဒီမြင့်လွင် က အနုပညာလှုပ်ရှားမှုတွေအနေနဲ့ Photo Shooting လေးတွေ ရိုက်ကူးနေရတာကိုတွေ့ရပါတယ်။ မကြာခဏဆိုရင်လည်း စန္ဒီမြင့်လွင် ကတော့ ပရိသတ်တွေအတွက် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု ပုံရိပ်လေးတွေအပြင် သမီးလေး Treasure ရဲ့ချစ်ပုံရိပ်လေးတွေကို ဖော်ပြပေးပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ ယောကျာ်းလေးဆန်ဆန် ဆံပင်ပုံစံလေးနဲ့ တစ်မျိုးလေး ချစ်စရားကောင်းနေတဲ့ စန္ဒီမြင့်လွင် ရဲ့ ပုံရိပ်လေးတွေကို ပြန်လည် ကူးယူဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit - Sandy Myint Lwin's facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။