ချစ်ရတဲ့ ပရိသတ်ကြီးရေ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေဖြစ်ကြတဲ့ ကျော်ကျော် ၊ ညီထွဋ်ခေါင်နဲ့ ဆုမြတ်နိုးဦးတို့ကတော့ အနုပညာလောကမှာ အောင်မြင်မှုများစွာရရှိထားတဲ့ သူလည်းဖြစ်ပါတယ်။ သူတို့ ၃ယောက်က တစ်ယောက်နဲ့ တစ်ယောက် စနောက်ကျီစယ်ရင်း ပျော်ရွှင်စွာ ဘဝကိုဖြတ်သန်းကာ အများက အားကျနေရတဲ့ သူငယ်ချင်း ဆက်ဆံရေးကိုလည်း ပိုင်ဆိုင်ထားတာပါနော်။ သူတို့ ၃ယောက်ရဲ့ အခွီပုံရိပ်လေးတွေနဲ့ ဟာသ ဗီဒီယိုဖိုင်လေးကိုလည်း N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များဆိုတဲ့ pageမှာလည်း မကြာခဏဆိုသလို တင်ပေးလေ့ရှိနေတာပါ။

Photo credit- " N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ" FB page
Photo credit- " N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ" FB page

သူတို့ ၃ယောက်က ငယ်သူငယ်ချင်းတွေ မဟုတ်ကြပေမယ့် တစ်ယောက်အကြောင်းကို တစ်ယောက်ကနားလည်ပြီး ရင်းနှီးချစ်ခင်နေကြတာကိုလည်း တွေ့ရပါတယ်။ ယနေ့ကတော့ သူငယ်ချင်း ၃ယောက်ထဲမှာ မိန်းကလေးဖြစ်တဲ့ ဆုမြတ်နိုးဦးရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ မွေးနေ့လေးမှာ ၃ယောက်ရဲ့ အမှတ်တရပုံလေးတွေကို တင်ပေးလာရင်း ကျော်ကျော်နဲ့ ညီထွဋ်ခေါင်က ဆုမွန်ကောင်းတောင်းပေးလာတာပါ။ "Happy Birthday ပါ မြတ်နိုးရေ ယနေ့ကျရောက်သော မွေးနေ့မှစပြီး ယခုထက်ပို၍ ရီနိုင် ခွီနိုင် ဗရမ်းဗတာတွေဖြစ်နိုင်ပါစေလို့ ငါတို့ဆုတောင်းပေးလိုက်ပါတယ် " ဆိုပြီး ရေးသားထားတာပါ။

Photo credit- " N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ" FB page
Photo credit- " N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ" FB page

ဆုမြတ်နိုးဦးက ယနေ့ကျရောက်တဲ့ ဇူလှိုင်လ ၃၀ရက်နေ့လေးမှာ မွေးနေ့ကို ကြီးကျယ်ခမ်းနားစွာ မကျင်းပတော့ပဲ သံလျင်က တိုင်းရင်းသားပရဟိလူငယ်ဖွံဖြိုးရေးကျောင်းမှာ တနိုင်တပိုင်လေး လှူဖြစ်တဲ့ အကြောင်းကိုလည်း ဗီဒီယိုဖိုင်လေး ရိုက်ကူးပြီး တင်ပေးလာခဲ့တာပါ။ ဆုမြတ်နိုးဦးရဲ့ မွေးနေ့ဗီဒီယိုလေးနဲ့ သူငယ်ချင်းတွေရဲ့မွေးနေ့ဆုတောင်းကိုလည်း ပရိသတ်တွေကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ ချစ်ပရိသတ်တွေကလည်း ဆုမြတ်နိုးဦးကို မွေးနေ့ဆုတောင်းစကားလေးပြောပေးခဲ့ကြပါအုန်းနော်....။

Photo credit- " N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ" FB page
Photo credit- " N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ" FB page

Photo credit- " N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ" FB page

Source - " N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ" FB page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။