ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ပွင့်ကတော့ ဟိုးအရင်ကတည်းက ဗီဒီယိုဇာတ်ကားတွေအများအပြားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေကလည်း သူမကို အရမ်းချစ်ကြပါတယ်နော်။ပွင့်က ယခုချိန်ထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပြီး ပရိသတ်တွေရဲ့မေတ္တာကိုခံယူနေဆဲဖြစ်ပါတယ်။ပွင့်ရဲ့ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ပရိသတ်တွေက အားပေးကြည့်ရှု့ကြပါတယ်နော်။
ပွင့်က အစားအသောက်လေးတွေကိုလည်း မျိုးစုံချက်ပြုတ်တတ်တာဖြစ်လို့ သူမကိုယ်တိုင်ချက်ပြုတ်ထားတဲ့ အစားအသောက်တွေကို အွန်လိုင်းပေါ်မှာ ရောင်းချနေတာဖြစ်ပါတယ်။ပွင့်ရောင်းချတဲ့ စားဖွယ်စုံလေးတွေကိုလည်း ပရိသတ်တွေက အားပေးကြပြီး အရမ်းစားကောင်းတယ်လို့လည်း ချီးကျူးနေကြတာဖြစ်ပါတယ်နော်။ပွင့်ကတော့ အမြဲပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး သဘောကောင်းလို့လည်း လူချစ်လူခင်ပေါများနေတာဖြစ်ပါတယ်။
ပွင့်ကတော့ တေးရေးဝေကြီးနဲ့လည်း မောင်နှမအရင်းတွေလို ခင်မင်ပြီး "ပြုံးပြုံးလေးပါပဲ"ဆိုတဲ့ သီချင်းလေးကို ဝေကြီးနဲ့အတူတူသီဆိုထားသေးတာဖြစ်ပါတယ်။ပွင့်က အခုချိန်ထိလည်း အရင်ပုံစံအတိုင်းလေးပဲဖြစ်ပြီး အရမ်းချစ်စရာကောင်းနေတာဖြစ်ပါတယ်။ပွင့်ကတော့ "ကျွန်မနှုတ်ခမ်းနီလည်းဆိုးထားတယ်၊ဘီးကုပ်လေးလည်းပန်ထားတယ်၊နားကပ်လေးလည်းပန်ထားတယ် ကျွန်မဘယ်လောက်လှလဲ မလှဘူးပြောရင်အစ်မတို့ပဲငရဲကြီးမှာပေါ့"ဆိုပြီး ရေးသားကာ သူမပုံရိပ်လေးကို မျှဝေလာတာဖြစ်ပါတယ်နော်။
Source&Photo Credit:Khin Pwint Phyu Theint's Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။