မင်းသားချော အောင်ရေချမ်းနဲ့ မင်းသမီးချောလေး မေမြင့်မိုရ်တို့နှစ်ယောက်ကတော့ ဇာတ်လမ်းတွဲလေးတွေကတစ်ဆင့် ပရိသတ်တွေရဲ့အားပေးမှုကိုရရှိခဲ့ပြီး တဖြည်းဖြည်းအောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ မေမြင့်မိုရ်က "ပန်းနုသွေး၊ ပုဂံမြို့သူ" စတဲ့ဇာတ်လမ်းတွဲလေးတွေနဲ့ ပရိသတ်အချစ်တော်လေးဖြစ်လာခဲ့သလို အောင်ရေချမ်းကလည်း "ပျားရည်အိုင်၊ ကျွန်မကမဟေသီ" စတဲ့ဇာတ်လမ်းတွဲလေးတွေနဲ့ အရမ်းကိုအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit-Aung Yay Chan's FB Page
Photo Credit-Aung Yay Chan's FB Page
Photo Credit-Aung Yay Chan's FB Page

လက်ရှိမှာတော့ အောင်ရေချမ်းနဲ့ မေမြင့်မိုရ်တို့နှစ်ယောက်လုံးက ဇာတ်လမ်းတွဲတွေအပြင် ကြော်ငြာတွေ၊ Photo Shooting တွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ဆက်တိုက်ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ မနေ့ကလည်း အောင်ရေချမ်းတို့ အနုပညာမောင်နှမနှစ်ယောက်က သီချင်းဗီဒီယိုလေးတစ်ခုကို အတူတူလက်ခံရိုက်ကူးခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် အောင်ရေချမ်းက မေမြင့်မိုရ်နဲ့ရိုက်ကွင်းအမှတ်တရလေးတွေကို ပရိသတ်တွေကြည့်ရှုနိုင်စေဖို့ တင်ပေးထားတာ ဖြစ်ပါတယ်။

Photo Credit-Aung Yay Chan's FB Page
Photo Credit-Aung Yay Chan's FB Page
Photo Credit-Aung Yay Chan's FB Page

အောင်ရေချမ်းက " မနေ့က သီချင်းလေး Music Video ရိုက်နေကြောင်း သတင်းပို့တာပါ...ကိုကြီး ဘာလုပ်လုပ် အသိပေးတာနော်" ဆိုပြီး ပုံလေးတွေကို မျှဝေထားတာ ဖြစ်ပါတယ်။ မေမြင့်မိုရ်ကလည်း အောင်ရေချမ်းနဲ့အတူ ရယ်မောပျော်ရွှင်စွာသရုပ်ဆောင်ခဲ့တဲ့ ရိုက်ကွင်းနောက်ကွယ်က လှုပ်ရှားမှုလေးတွေကို Facebook Story မှာတင်ပေးထားတာပဲဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အောင်ရေချမ်းနဲ့ မေမြင့်မိုရ်တို့ရဲ့ရိုက်ကွင်းဗီဒီယိုလေးကို အောက်မှာပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-May Myint Mo's FB Story 

Photo Credit-Aung Yay Chan's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။