နေပြန်ကောင်းလာပြီဖြစ်တဲ့ ကိုနိုင်လူ သမီးလေး ခေတ်ဆည်းဆာ

ပရိသတ်ကြီးရေ ဇာတ်ကားကောင်းတစ်ကားကို ပုံဖေါ်ရာမှာ ဇာတ်ဆောင်ရဲ ့သရုပ်ဆောင်မှုတွေ အသက်ဝင်လာစေဖို ့အတွက် ဇာတ်ပို ့တွေ ရဲ ့ပံ့ပိုးပေးမှုက

အရမ်းကို အရေးပါလှပါတယ်နော်။ လူကြမ်းသရုပ်ဆောင်တွေဟာ ကျရာဇာတ်ရုပ်မှာ ပီပြင်အောင်သရုပ်ဆောင်ကြရတာမို ့ပရိသတ်တွေမကြိုက်ကြတဲ့

ဗီလိန်ဇာတ်ရုပ်တွေမှာလည်း အကောင်းဆုံးပါဝင်အားဖြည့်ကြသူတွေဖြစ်ပါတယ်။ လူကြမ်းသရုပ်ဆောင်လို ့သိကြတဲ့ ကိုနိုင်လူရဲ ့ ချစ်စရာကောင်းလှတဲ့

သမီးလေး ခေတ်ဆည်းဆာ လေးကို ပရိသတ်တွေက များစွာချစ်ခင်အားပေးလာကြပါတယ်။ သမီးလေးဟာ မကြာခင်က နေမကောင်းဖြစ်နေရာမှ အခုအခါမှာ နေပြန်ကောင်းပြီဖြစ်ပြီး စီးပွားရေး ကြော်ငြာပိုစတာများကို လက်ခံရိုက်ကူးနေပြီဖြစ်ကြောင်းကို ဖေဖေနိုင်လူက အခုလိုပဲပြောပြသွားခဲ့ပါတယ်။

“ပြည်သူ ့အချစ်တော် ခေတ်ဆည်းဆာ သမီးလေးနေကောင်းပြီ

သမီးလေးနေမကောင်းဖြစ်လို ့အနယ်နယ်အရပ်ရပ်မှဆက်သွယ်မေးမြန်းဆုတောင်း

ပေးကြသော တစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါကြောင်း နှင့်

ကမ္ဘာအသက်အငယ်ဆုံးလူတိုင်းရဲ ့အသဲကျော် ချစ်မဝ ရှ ု ့မဝ Model ခေတ်ဆည်းဆာ

စီးပွားရေးကြော်ငြာပိုစတာများကိုလက်ခံရိုက်ကူးပေးနေပါကြောင်း

look မဂ္ဂဇင်း အတွက်ရိုက်ပေးခဲ့သော Photo များထဲမှအမှတ်တရ ” လို ့ဖခင်ဖြစ်သူ ကိုနိုင်လူက လူမှုကွန်ရက်စာမျက်နှာကတဆင့် ပုံလေးတွေကို မျှဝေရင်း

ပရိသတ်ကြီးကို ပြောပြသွားခဲ့တာပဲဖြစ်ပါတယ်။ 

သတင်းအရင်းမြစ် Naing Lu fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။