မင်းသမီးချောလေး ဖြူဖြူထွေးကတော့ နာမည်လေးနဲ့လိုက်အောင်ကို စိတ်သဘောထားကလည်း ဖြူစင်လွန်းသူလေး ဖြစ်ပါတယ်။ ဖြူဖြူထွေးက အများအပေါ်မှာကူညီတတ်သလို အလှူအတန်းတွေလည်း ရက်ရက်ရောရောပြုလုပ်လေ့ရှိတာကြောင့် ပရဟိတမင်းသမီးလေးလို့တောင် အားလုံးကအသိအမှတ်ပြုကြတာ ဖြစ်ပါတယ်။ စေတနာကောင်းတာကြောင့် ကံကောင်းတဲ့ ဖြူဖြူထွေးလေးက အခုဆိုရင် အရမ်းကိုအောင်မြင်နေပြီပဲ ဖြစ်ပါတယ်။

Photo Credit-Amazing Grace
Photo Credit-Amazing Grace
Photo Credit-Amazing Grace
Photo Credit-Amazing Grace

လတ်တလောမှာဆိုရင် ဖြူဖြူထွေးက ကြော်ငြာလေးတွေဆက်တိုက်ဆိုသလို ရိုက်ကူးနေရတာဖြစ်ပြီး ပရိသတ်တွေကြားမှာ နာမည်ကြီးရေပန်းစားနေတာ ဖြစ်ပါတယ်။ ဖြူဖြူထွေးက သူမရဲ့ကြော်ငြာတွေမှာ ဇာတ်ပို့သရုပ်ဆောင်တွေကိုပါ အတူပါဝင်သရုပ်ဆောင်စေရုံသာမက ရိုက်ကူးရေးပြီးတာနဲ့ လိုအပ်တဲ့ပစ္စည်းတွေ လှူဒါန်းပေးလေ့ရှိတာလည်း ဖြစ်ပါတယ်။ အရင်ကထက်ပိုလှလာတဲ့ ဖြူဖြူထွေးက အခုလည်း မြန်မာဝတ်စုံလေးနဲ့ အေးချမ်းတည်ငြိမ်စွာ လှသွေးကြွယ်နေတာ ဖြစ်ပါတယ်။

Photo Credit-Amazing Grace
Photo Credit-Amazing Grace
Photo Credit-Amazing Grace
Photo Credit-Amazing Grace

ဖြူဖြူထွေးက မြန်မာဝတ်စုံလေးကိုဝတ်ဆင်ထားပြီး သနပ်ခါးကိုဘယ်ညာလူးကာ ချစ်ဖို့ကောင်းလောက်အောင် ပို့စ်လေးတွေပေးနေတာပဲဖြစ်ပါတယ်။ အေးချမ်းသာယာတဲ့နေရာလေးကို ရောက်ရှိနေတဲ့ ဖြူဖြူထွေးကတော့ တစ်ယောက်တည်းလျှောက်လည်ရင်း ပြုံးပျော်နေတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဖြူဖြူထွေးရဲ့ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: Phyu Phyu Htwe's FB Acc

Photo Credit-Amazing Grace 

Photo Credit-Amazing Grace
Photo Credit-Amazing Grace
Photo Credit-Amazing Grace
Photo Credit-Amazing Grace
Photo Credit-Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။