ချစ်ရတဲ့ ပရိသတ်ကြီးရေ တက်သစ်စ သရုပ်ဆောင် မင်းသမီးချောလေး ဆောင်းယွန်းစံကတော့ အနုပညာလောကထဲကို သီချင်း MTVတွေ စတင်ရိုက်ကူးရင်း ရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဗီဒီယိုဇာတ်ကားလေးတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်အားပေးချစ်ခင်မှုကို ရရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။ ဆောင်းယွန်းက လွန်ခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ အကယ်ဒမီထူးချွန်ဆုပေးပွဲကြီးမှာလည်း ရွှေကြိုမယ်အဖြစ်လည်း ပါဝင်ခဲ့တာကိုလည်းတွေ့ရပါတယ်။  

Photo credit- Saung Yoon San's FB account
Photo credit- Saung Yoon San's FB account

ဆောင်းယွန်းက ရိုးရှင်းတဲ့ အလှတရားကို ပိုင်ဆိုင်ထားပြီး မြင်သူငေးရလောက်အောင် ချစ်စရာကောင်းလွန်းနေတာကြောင့် ပုရိသတို့အသည်းစွဲအားပေးချစ်ခင်ရတဲ့ သူလေးလည်းဖြစ်ပါတယ်။ လတ်တလောမှာ​တော့ ဆောင်းယွန်းက အနုပညာလှုပ်ရှားမှုလေးတွေကို ရပ်ဆိုင်းထားပြီး မိသားစုနဲ့အတူ ပြည်တွင်းခရီးစဉ်တွေကို ထွက်ရှိနေတာလည်းဖြစ်ပါတယ်.။ ဆောင်းယွန်းက သူမရဲ့ လှုပ်ရှားမှုပုံရိပ်တိုင်းကို လူမှုကွန်ယက် ဆိုရှယ်မီဒီယာထက်မှာ မျှဝေပေးလျက်ရှိနေတာဖြစ်ပြီး ယနေ့မှာလည်း ပိုစ့်တစ်ခုတင်ပေးလာခဲ့ပါတယ်။

Photo credit- Saung Yoon San's FB account
Photo credit- Saung Yoon San's FB account

ဆောင်းယွန်းက ရှမ်းရိုးရာ ဝတ်စုံလေးကို ဝတ်ဆင်ထားပြီး ဓာတ်ဖမ်းထားတဲ့ အလှပုံရိပ်လေးတွေကို တင်ပေးလာတာပါ။ ဆောင်းက ချစ်စရာကောင်းတဲ့ ရှမ်းမလေးတစ်ယောက်လို ပိုစ့်ပေးနေတဲ့ ပုံလေးတွေကို တင်ပေးလာရင်း " ငိုထားတာမှ မျက်နှာကို ဖောင်းအစ်နေတာပဲ ရှမ်းမလေးကို ငိုအောင်လုပ်တာ ဘယ်သူလဲ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာပါ။ ငိုထားပေမယ့်လည်း အလှမပျက်ပဲ ချစ်စရာကောင်းလွန်းနေတဲ့ ရှမ်းမလေး ဆောင်းယွန်းစံရဲ့ ပုံလေးတွေကို ပရိသတ်တွေကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo credit- Saung Yoon San's FB account
Photo credit- Saung Yoon San's FB account
Photo credit- Saung Yoon San's FB account

Photo credit- Saung Yoon San's FB account

Source - Saung Yoon San's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။