ဇွန်လ(၂၂)ရက်နေ့ညပိုင်းက ဦးဝိစာရလမ်းနဲ့ ရွှေတိဂုံဘုရားလမ်းထောင့်မှာ အဆိုတော် ထူးအယ်လင်းနဲ့ ကော်ဘရာ တို့အတူစီးလာတဲ့ ကားနဲ့ Taxi ကားသမားတို့ ငြိခဲ့ပြီး လမ်းမပေါ် ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့ပါတယ်။

ထူးအယ်လင်းကို အတူလိုက်ပါလာသူ ကော်ဘရာမှ ဝင်ရောက်ဖျန်ဖြေပေးခဲ့သလို ရဲတပ်ဖွဲ့ဝင်အချို့လည်း ရောက်လာတာကြောင့် လက်တလောမှာတော့ ရဲစခန်းမှာ ခဏတာ ထိန်းသိမ်းခံထားရတယ်လို့သိရပါတယ်။

အဆိုပါ ရန်ပွဲနဲ့ပတ်သက်ပြီး ကော်ဘရာ ရဲ့ ဇနီးဖြစ်သူက စိတ်ပူနေသူများ ၊ သတင်းမေးသူများကို အခုလို သူမရဲ့ဖေ့ဘုတ်ကတစ်ဆင့် ပြန်ဖြေရှင်းတာကိုတွေ့ရပါတယ်။

"မေးနေကြလို့ ဖုန်းနဲ့ဖြေနေ ရေးနေရတာမောလို့ ဒီကပဲရှင်းပြတော့မယ်.. သွားတုန်းက တူတူသွားစားသောက်ကြတာ မိသားစုလိုက်.. ကိုအယ်ကြီးက မူးနေလို့ မိသားစုပါလို့ ကားမောင်းမှာ စိတ်မချလို့ cobra ကလိုက်မောင်းပေးပြီး သူ့မိသားစုကို မြလေးကခေါ်ပြီး နောက်ကားနဲ့လိုက်တယ်. သူတို့ကရှေ့ကထွက်သွားတယ်. လမ်းရောက်တော့ ကိုအယ်ကပြောင်းမောင်းပြီး taxi တစီးနဲ့ညှိုတယ်. ကိုအယ်မူးနေတော့ ကားပိတ်ရပ် ဆင်းထိုးတယ် cobra လိုက်ဆွဲတောင်းပန်တယ်. ရဲတွေရောက်လာပြီး ခေါ်သွားတယ်. အခုအချုပ်ရောက်နေတယ် ဒါပဲ.. ကိုယ်တွေသားအမိ အိမ်ပြန်လာပြီး အိပ်ပြီ.. စိတ်ပူကြသူများ မပူပါနဲ့.. cobra ဘာမှမလုပ်ထားတော့ ဘာမှ ကြီးကြီးကျယ်ကျယ်မဖြစ်ပါဘူး.." လို့ မော်ဒယ်လုပ်ခဲ့ဖူးသူ ခင်မဥ္ဇူက ဆိုပါတယ်။

သတင်းအရင်းမြစ် khin myitzu fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။