ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်အဖြစ် ဇာတ်ကားတွေအများအပြားမှာ ပါဝင်သရုပ်ဆောင်နေတဲ့ အိအိတုန်ကတော့ ပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။အိအိတုန်က သမီးချောလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားတဲ့အပြင် နောက်ထပ်လည်း ရင်သွေးလေးကို လွယ်ထားရတာဖြစ်ပါတယ်။အိအိတုန်ရဲ့ချစ်ခင်ပွန်းကလည်း ဇနီးသည်ကို အစစအရာရာ ဂရုစိုက်စောင့်ရှောက်ပေးပြီး ကြင်နာပေးတတ်တဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပါနော်။

Photo Credit:Ei Ei Tone's Facebook Account
Photo Credit:Ei Ei Tone's Facebook Account
Photo Credit:Ei Ei Tone's Facebook Account

အိအိတုန်က အွန်လိုင်းပေါ်မှာလည်း ပျော်ပျော်ပါးပါးဈေးရောင်းတတ်ပြီး သူမရောင်းချရတဲ့ပစ္စည်းလေးတွေကိုလည်း ပရိသတ်တွေအများအပြားက အားပေးကြပါတယ်နော်။သဘောထားလည်းပြည့်ဝပြီး စကားပြောတာသွက်လက်လို့လည်း ပရိသတ်တွေကအရမ်းချစ်နေကြကာ သူမရဲ့လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေကြတာဖြစ်ပါတယ်။အိအိတုန်က သူမရဲ့ကိုယ်ဝန်ကိုလည်း အထူးဂရုစိုက်ပြီး သမီးလေးရဲ့ဝေယျာဝစ္စတွေကိုလည်း သူမကိုယ်တိုင်လုပ်ဆောင်ပေးတာပါနော်။

Photo Credit:Ei Ei Tone's Facebook Account
Photo Credit:Ei Ei Tone's Facebook Account
Photo Credit:Ei Ei Tone's Facebook Account

အိအိတုန်တို့မိသားစုလေးထဲကို မကြာတော့မယ့်အချိန်မှာ နောက်ထပ်မိသားစုဝင်အသစ်လေးတိုးလာတော့မှာဖြစ်လို့ အခုထက် ပိုပြီးစိုပြေတော့မှာပါနော်။အိအိတုန်ကတော့ ကိုယ်ဝန်လွယ်ထားရတာတောင် အရမ်းပဲလှနေပြီး ဗိုက်ကလေးကလည်း တစ်နေ့တစ်ခြား ပိုပိုပူလာပါတယ်။အခုဆိုရင်လည်း ဗိုက်ဖုံးဂါဝန်လေးကို ဝတ်ထားပြီး အရမ်းကိုလှပနေတဲ့အိအိတုန်ရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Ei Ei Tone's Facebook Account
Photo Credit:Ei Ei Tone's Facebook Account
Photo Credit:Ei Ei Tone's Facebook Account

Source&Photo Credit:Ei Ei Tone's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။