Magic Chess ဟာဆိုရင် ခုချိန်မှာ လူတော်တော်များများ ဆော့လာကြတဲ့ Arcade Mode တစ်ခုဖြစ်နေပြီဖြစ်ပါတယ်။ တစ်ခါဆော့ပြီးရင်လဲ ဆက်ဆော့ချင်အောင် ဂိမ်းက စွဲဆောင်းနိုင်ပါတယ်။ အဲ့တာကြောင့် ကိုယ်ဆော့တဲ့အခါမှာ ဘယ်ဂိမ်းဖြစ်ဖြစ် နိုင်ချင်ကြတာပါပဲ။ ကိုယ်ကအနိုင်ရချင်ရတော့ ကိုယ့်ဆော့မယ့်ဂိမ်းရဲ့ အကြောင်းကို နားလည်ဖို့လိုပါတယ်။ အဲ့တာကြောင့် ကိုယ့်အနေနဲ့လဲ MC နဲ့ပတ်သတ်ပြီး နားလည်ဖို့အတွက်နဲ့ အနိုင်ယူနိုင်ဖို့ အောက်မှာ အနည်းငယ် ရှင်းပြလိုက်ပါတယ်။ 

ပထမဆုံးအနေနဲ့ ကိုယ်ဆော့တဲ့အခါမှာ Hero အရေအတွက်များတာထက် Hero တွေရဲ့ Effect တွေပွင့်ဖို့လိုအပ်ပါတယ်။ တစ်နည်းအားဖြင့် Synergy လို့ခေါ်ပြီး သူတို့ကို အသေအချာနားလည်ရင် သင့်ကို အနိုင်ရရှိစေမှာဖြစ်ပါတယ်။ Synergy ကို Role နဲ့ Faction ဆိုပြီး နှစ်မျိုးခွဲခြားထားပါတယ်။ ခုချိန်မှာတော့ ဂိမ်းထဲမှာ Role 9 ခုပါဝင်ပြီး Faction 10 ခုရှိပါတယ်။ တချို့သော Role တွေနဲ့ Faction တွေကတော့ လောလောဆယ်မှာ ခဏဖြုတ်ထားပါတယ်။  

လောလောဆယ်မှာပါဝင်တဲ့ Role 9 ခုကတော့ Weapon Master, Targeman, Marksman, Elementalist, Mage, Guardian, Shape-Shifter, Wrestler နဲ့ Assassin တို့ပဲဖြစ်ပါတယ်။ Faction 10 ခုကတော့ Elf, Western Desert, Cyborg, Blood Demon, Dragons Altar, Monastery Of Light, Northern Vale, Abyss, Celestial နဲ့ Empire တို့ပဲဖြစ်ပါတယ်။ သူတို့တွေရဲ့ Effect တွေနဲ့ Hero တွေကိုတော့ နောက်အပိုင်းမှာ ဆက်တင်သွားပါမယ်။  

သတင်းအရင်းမြစ် FANDOM

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။