Synergy ဟာ ကိုယ့်ကို MC မှာ အနိုင်ရရှိဖို့အတွက် နားလည်ဖို့ လိုအပ်တဲ့ အရာဖြစ်ကာ သူ့ကို Role နဲ့ Faction ဆိုပြီးခွဲထားပါတယ်။ စုစုပေါင်း Role 9 ခုနဲ့ Faction 10 ခုရှိကာ ကျန်တာတွေကိုတော့ ထုတ်ထားပါတယ်။ Role 3 ခုရဲ့ Effect ကိုတော့ Part -1 မှာ ဖော်ပြထားပြီးပြီဖြစ်ကာ ခုချိန်မှာတော့ နောက်ထပ် Role 3 ခုရဲ့ Effect ကိုဖော်ပြလိုက်ပါတယ်။ 

Elementalist

Elementalist ရဲ့ Effect ကိုပွင့်ချင်ရင်တော့ မတူညီတဲ့ Elementalist Hero အနည်းဆုံး ၂ ယောက်ကနေ အများဆုံး ၄ယောက်ထိ လိုအပ်ပါတယ်။ ရရှိမယ့် Effect ကတော့ ၂ ယောက်ဆိုရင် ကိုယ့်ထဲမှာရှိတဲ့ Star Level အနိမ့်ဆုံးတစ်ယောက်ကို Star Level တစ်ဆင့်တိုးပေးမှာဖြစ်ပါတယ်။ Elementalist Hero 4 ဆိုရင်တော့ ကိုယ့်ဘက်က Star Level အနိမ့်ဆုံး ၂ ယောက်ကို Star Level တစ်ဆင့်တိုးပေးမှာဖြစ်ပါတယ်။ အကုန်လုံး Star Level တူနေရင်တော့ ကျပန်း Hero နှစ်ယောက်ကို တိုးပေးသွားမှာဖြစ်ပါတယ်။

Mage

Mage ရဲ့ Effect ကိုပွင့်ချင်ရင်တော့ မတူညီတဲ့ Mage Hero အနည်းဆုံး ၃ ယောက်ကနေ အများဆုံး ၆ ယောက်လိုအပ်ပါတယ်။ Mage Hero ၃ ယောက်ဆိုရင်တော့ ကိုယ့်ဘက်က Hero တွေအကုန်လုံးကို Magic Damage 40% ထိတိုးပေးမှာဖြစ်ပြီး ၆ယောက်ဆိုရင်တော့ Hero အကုန်လုံးကို Magic Damage 125% ထိတိုးပေးသွားမှာဖြစ်ပါတယ်။ Mage တွေက Late Game တော့ ပြန်ဆော်မှာပဲ။

Guardian

Guardian ရဲ့ Effect ကိုပွင့်ချင်ရင်တော့ မတူညီတဲ့ Guardian Hero အနည်းဆုံး နဲ့အများဆုံး ၃ယောက်ပဲလိုအပ်ပါတယ်။ သူတို့ရဲ့ Effect ကတော့ Guardian Hero တွေကို physical defense ၁၃၀ တိုးပေးတာပဲဖြစ်ပါတယ်။ 

သတင်းအရင်းမြစ် FANDOM

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။