Synergy မှာပါတဲ့ Role နဲ့ Faction တွေကိုတော့ " Mobile Legends ထဲက Magic Chess ကိုအနိုင်ရဖို့အတွက် နည်းလမ်းတွေထဲက တစ်ခု " ဆိုတဲ့ သတင်းမှာဖော်ပြထားပြီးတာဖြစ်တာမို့ သိပ်ပြောပြစရာမလိုတော့ပါဘူး။ Synergy ဆိုတာကလဲ Magic Chess ကိုအနိုင်ရရှိဖို့အတွက်နားလည်သင့်တယ်ဆိုတာကိုလဲ သိပြီးသားဖြစ်မှာပါ။ Role 9 ခုထဲက ၆ ခုကိုတော့ Part-1 နဲ့ Part-2 မှာဖော်ပြထားပြီတာမို့ ကျန်တဲ့ ၃ ခုကို အောက်မှာဖော်ပြလိုက်ပါတယ်။ 

Shape-Shifter

Shape-Shifter ရဲ့ Effect ကိုပွင့်ချင်ရင်တော့ မတူညီတဲ့ Shape-Shifter Hero အနည်းဆုံးနဲ့အများဆုံး ၂ ယောက်ပဲလိုအပ်ပါတယ်။ ရရှိမယ့် Effect ကတော့ Shape-Shifter Hero ကို သွေး ၅၀% ပြန်ရရှိမှာဖြစ်ပြီး Shape-Shifter ရဲ့ Ability ဖြစ်တဲ့ Damage 50% တိုးပေးခြင်းကိုခံရမှာဖြစ်ပါတယ်။ 

Wrestler

Wrestler ရဲ့ Effect ကိုပွင့်ချင်ရင်တော့ မတူညီတဲ့ Wrestler Hero အနည်းဆုံး ၃ ယောက်ကနေ အများဆုံး ၆ ယောက်လိုအပ်ပါတယ်။ ရရှိမယ့် Effect ဟာဆိုရင်တော့ Wrestler ၃ယောက်ဆိုရင် ရန်သူကို ၂ စက္ကန့် Stun ဖို့ ၂၀% အခွင့်အရေးရရှိမှာဖြစ်ပြီး Basic Attack ကို Damage ၄၀၀ ထပ်ပေါင်းပေးမှာဖြစ်ပါတယ်။ ၆ယောက်ဆိုရင်တော့ ရန်သူကို ၂ စက္ကန့် Stun ဖို့ ၃၀% အခွင့်အရေးရရှိမှာဖြစ်ပြီး Basic Attack ကို Damage ၉၀၀ ထပ်ပေါင်းပေးမှာဖြစ်ပါတယ်။ 

Assassin

Assassin ရဲ့ Effect ကိုပွင့်ချင်ရင်တော့ မတူညီတဲ့ Assassin Hero အနည်းဆုံး ၃ ယောက်ကနေ အများဆုံး ၆ ယောက်လိုအပ်ပါတယ်။ ရရှိမယ့် Effect ကတော့ Assassin Hero ၃ ယောက်ဆိုရင် Basic Attack ကို စတင်စဉ် Assassin တွေဟာ အပိုအမြန်တိုက်ခိုက်မှု (၃) ခုဖြစ်ပေါ်ရန် ၂၀% အခွင့်အရေးရှိပြီး အမြန်တိုက်ခိုက်မှုတိုင်းက 50 True Damage ထိပါတယ်။ Assassin Hero ၆ ယောက်ဆိုရင် Basic Attack ကို စတင်စဉ် Assassin တွေဟာ အပိုအမြန်တိုက်ခိုက်မှု (၃) ခုဖြစ်ပေါ်ရန် ၅၀% အခွင့်အရေးရှိပြီး အမြန်တိုက်ခိုက်မှုတိုင်းက 165 True Damage ထိပါတယ်။  

သတင်းအရင်းမြစ် FANDOM

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။