Faction နဲ့ Role ဟာဆိုရင် Synergy ကို နှစ်ပိုင်းခွဲထားတာဖြစ်ပြီး Synergy ဆိုတာဟာ နိုင်ဖို့အတွက် လိုအပ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ Faction နဲ့ Role တွေကိုလဲ " Mobile Legends ထဲက Magic Chess ကိုအနိုင်ရဖို့အတွက် နည်းလမ်းတွေထဲက တစ်ခု " ဆိုတဲ့ ခေါင်းစဉ်နဲ့သတင်းမှာ ဖော်ပြထားပြီတာမို့ သိရှိပြီးကြပြီထင်ပါတယ်။ Role 9 ခုရဲ့ Effect တွေလဲ ဖော်ပြထားခဲ့ပြီမို့ ခုဆို Faction 10 ခုရဲ့ Effect တွေကို ဖော်ပြဖို့ အချိန်တန်ပြီဖြစ်ပါတယ်။ ဒါကြောင့်ပဲ အောက်မှာဆိုရင် Faction 2 ခုရဲ့ Effect ကို ဖော်ပြပေးလိုက်ပါတယ်။  

Elf

Elf ရဲ့ Effect ကိုပွင့်ချင်ရင်တော့ မတူညီတဲ့ Elf Hero အနည်းဆုံး ၃ ယောက်ကနေ အများဆုံး ၆ ယောက်လိုအပ်ပါတယ်။ ရရှိမယ့် Effect ကတော့ Elf Hero ၃ ယောက်ဆိုရင် Elves တွေဟာ သူတို့ရဲ့ Basic Attack နဲ့ ပစ်မှတ် (၃) ယောက်ကို ၄၅% splash damage ပေးနိုင်ဖို့ ၂၅% အခွင့်အရေးရှိပါတယ်။ Elf Hero ၆ ယောက်ဆိုရင်တော့ Elves တွေဟာ သူတို့ရဲ့ Basic Attack နဲ့ ပစ်မှတ် (၅) ယောက်ကို ၈၀% splash damage ပေးနိုင်ဖို့ ၅၀% အခွင့်အရေးရှိပါတယ်။ 

Western Desert

Western Desert ရဲ့ Effect ကိုပွင့်ချင်ရင်တော့ မတူညီတဲ့ Western Desert Hero အနည်းဆုံး ၃ ယောက်ကနေ အများဆုံး ၆ ယောက်လိုအပ်ပါတယ်။ ရရှိမယ့် Effect ကတော့ Western Desert Hero ၂ ယောက်ဆိုလျှင် သူတို့ကိုလာတိုက်ခိုက်တဲ့ Basic Attack ကို ၁၆% ရှောင်နိုင်ရန်အခွင့်အရေးရှိစေပါတယ်။ Western Desert Hero ၄ ယောက်ဆိုလျှင် သူတို့ကိုလာတိုက်ခိုက်တဲ့ Basic Attack ကို ၃၂% ရှောင်နိုင်ရန်အခွင့်အရေးရှိစေပါတယ်။ Western Desert Hero ၆ ယောက်ဆိုလျှင် သူတို့ကိုလာတိုက်ခိုက်တဲ့ Basic Attack ကို ၅၀% ရှောင်နိုင်ရန်အခွင့်အရေးရှိစေပါတယ်။ ဒီ Skill Effect ကိုရရှိလိုက်တာနဲ့ Western Desert Hero တွေဟာ 4 Mana ပြန်ရတက်ပါတယ်။ 

သတင်းအရင်းမြစ် FANDOM

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။