Mobile Legends Magic Chess မှာ Role နဲ့ Faction ရှိပြီး အဲ့နှစ်ခုကို Synergy လို့ခေါ်တာကို စာဖတ်သူတွေလဲ သိရှိပြီးသားဖြစ်မှာပါ။ ကျန်တဲ့ Role နဲ့ Faction တွေကိုတော့ ML ကထုတ်ထားပါတယ်။ Faction မှာ ၁၀ ခုရှိတာကို အရင်သတင်းဖတ်ပြီးသားသူတွေလဲ သိရှိကြမှာဖြစ်ပါတယ်။ အဲ့ထဲမှာမှ ၂ ခုရဲ့ Effect ကိုတော့ ရှင်းပြထားပြီပြီးဖြစ်ပါတယ်။ အောက်မှာဆိုရင်တော့ နောက်ထပ် Faction 4 ခုရဲ့ Effect တွေကိုဖော်ပြလိုက်ပါတယ်။ 

Cyborg

Cyborg ရဲ့ Effect ကိုပွင့်ချင်ရင်တော့ မတူညီတဲ့ Cyborg Hero အနည်းဆုံး ၂ ယောက်ကနေ အများဆုံး ၄ ယောက်လိုအပ်ပါတယ်။ ရရှိမယ့် Effect ကတော့ Cyborg Hero ၂ ယောက်ဆိုလျှင်သူတို့ကို သွေး၂၀၀၀တိုးပေးမှာဖြစ်ပြီး ၄ ယောက်ဆိုလျှင် သူတို့ကို သွေး၄၀၀၀ နဲ့ တခြားကျန်တဲ့ Hero တွေကို သွေး၂၀၀၀တိုးပေးမှာဖြစ်ပါတယ်။

Blood Demon

Blood Demon ရဲ့ Effect ကိုပွင့်ချင်ရင်တော့ မတူညီတဲ့ Blood Demon Hero အနည်းဆုံးနဲ့ အများဆုံး ၂ ယောက်လိုအပ်ပါတယ်။ ရရှိမယ့် Effect ကတော့ Faction နဲ့ Role တွေရဲ့ Effect ပွင်ဖို့လိုအပ်တဲ့ ပမာဏကို ၁ ခုလျော့ပေးပါတယ်။ အနည်းဆုံးအဲ့ Effect မှာလိုအပ်တဲ့ပမဏက ၄ဖြစ်ပါတယ်။ ဥပမာ Western Desert ရဲ့ Effect ဆိုရင် သူရဲ့Effect အများဆုံးပြည့်ဖို့ Hero ၆ ယောက်လိုရင် သူပါတဲ့အခါ ၅ယောက်ရှိရုံနဲ့ ၆ခုပြည့်သွားပါတယ်။ 

Dragons Altar

Dragons Altar ရဲ့ Effect ကိုပွင့်ချင်ရင်တော့ မတူညီတဲ့ Dragons Altar Hero အနည်းဆုံး ၃ ယောက်ကနေ အများဆုံး ၆ ယောက်လိုအပ်ပါတယ်။ ရရှိမယ့် Effect ကတော့ ၃ ယောက်ဆိုရင် ကိုယ့်ဘက်က Hero သေတိုင်း Dragons Altar Hero တွေထဲက ကျပန်း Hero တစ်ယောက်ဟာ ၁၂% attack speed နဲ့ သွေး၁၀%ညီမျှတဲ့ Shield ကိုရရှိစေမှာဖြစ်ပြီး ၃ကြိမ်ထိ တက်နိုင်ပါတယ်။ ၆ ယောက်ဆိုရင်တော့ ကိုယ့်ဘက်က Hero သေတိုင်း Dragons Altar Hero အကုန်လုံးဟာ ၁၂% attack speed နဲ့ သွေး၁၀%ညီမျှတဲ့ Shield ကိုရရှိစေမှာဖြစ်ပြီး ၆ကြိမ်ထိ တက်နိုင်ပါတယ်။ ရရှိတဲ့ Effect တွေက တဖြည်းဖြည်းနဲ့ တက်တက်လာတာပေါ့။

Monastery Of Light

Monastery Of Light ရဲ့ Effect ကိုပွင့်ချင်ရင်တော့ မတူညီတဲ့ Monastery Of Light Hero အနည်းဆုံးနဲ့ အများဆုံး ၂ ယောက်လိုအပ်ပါတယ်။ ရရှိမယ့် Effect ကတော့ ကိုယ့်ရဲ့ Hero တွေအကုန်လုံးကို Magic Defense 60 ရရှိစေပါတယ်။  

သတင်းအရင်းမြစ် FANDOM

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။