မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲအလှဖန်တီးရှင်တစ်ဦးဖြစ်တဲ့အပြင် ဟာသလေးတွေလည်း မကြာခဏပြောတတ်တဲ့ မိတ်ကပ်ညီညီမောင်(စမ်းချောင်း) ကိုပရိတ်သတ်ကြီးအားလုံးသိကြမယ်ထင်ပါတယ်နော်။ သူမဟာ ဟာသvideoလေးများကိုလည်း မကြာခဏရိုက်တင်တတ်သူလေးဖြစ်ပြီး ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကိုရရှိထားတာဖြစ်ပါတယ်။ သုသုဟာ မိတ်ကပ်လောကမှာသာမက အနုပညာလုပ်ငန်းဘက်ကိုလည်း ခြေလှမ်းသစ်လှမ်းနေပြီဖြစ်ပါတယ်။

Photo credit-Nyi Nyi Mg-Sanchaung's Facebook acc
Photo credit-Nyi Nyi Mg-Sanchaung's Facebook acc

သုသုဟာ ကျားကျားကြိုက်ကြိုက်ဆိုတဲ့ရုပ်ရှင်ကားကြီးကိုလည်း ရိုက်ကူးထားတာဖြစ်ပြီး ပရိတ်သတ်အားပေးလက်ခံမှု ရရှိထားတာဖြစ်ပါတယ်။ ဒါ့ပြင်သူမဟာ မိတ်ဆွေအပေါင်းအသင်းတွေနဲ့အတူ ပျော်ပျော်ပါးပါးနေတတ်တဲ့သူလေးဖြစ်ပြီးတော့ သူမရဲ့အခွီပုံစံလေးတွေကြောင့်လည်း ပရိသတ်တွေကသူမကို ပိုပြီးအချစ်တွေပိုနေရတာဖြစ်ပါတယ်နော်။

Photo credit-Nyi Nyi Mg-Sanchaung's Facebook acc
Photo credit-Nyi Nyi Mg-Sanchaung's Facebook acc

သုသုဟာ သူမကိုယ်တိုင်လည်း လှလှလေးနေတတ်တဲ့သူဖြစ်ပြီးတော့ မိန်းမလျာတစ်ယောက်လို့ထင်ရက်စရာမရှိအောင်ကို လှနေတဲ့သူလေးပါနော်။ မကြာသေးမီကလည်း သူမရဲ့ Facebook စာမျက်နှာမှာ "ဆံပင် ပုံစံသစ်လေးနဲ့ ကရဝိတ်ရေခဲမုန့်စား လို့ရလား" ဆိုတဲ့ captionလေးနဲ့အတူပုံလေးတွေတင်ပေးလာပါတယ်။ သုသုလေးဟာ ဆံပင်အတိုလေးညှပ်လိုက်တာဖြစ်ပြီးတော့ လူငယ်လေးတစ်ယောက်လို နုပျိုနေတာပါ။ ကဲ....ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Nyi Nyi Mg-Sanchaung's Facebook acc
Photo credit-Nyi Nyi Mg-Sanchaung's Facebook acc

Source-Nyi Nyi Mg-Sanchaung's Facebook acc

Photo credit-Nyi Nyi Mg-Sanchaung's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။