တေးရေး၊တေးဆို အာဘွိုင်းကတော့ လူငယ်ပရိသတ်တွေရဲ့အားပေးမှုရရှိထားပြီး အောင်မြင်လာခဲ့တာ ဖြစ်ပါတယ် ။ အာဘွိုင်းက သီချင်းကောင်းကောင်းလေးတွေကို ရေးစပ်ဖန်တီးတတ်ပြီး သူ့ရဲ့သီချင်းလေးတွေကလည်း ပရိသတ်တွေကြားမှာ အမြဲလိုလို ရေပန်းစားအောင်မြင်နေတာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ အာဘွိုင်းအနေနဲ့ ဂီတလောကမှာ ဆက်လက်လျှောက်လှမ်းနေသလို သူချစ်ရတဲ့မိသားစုလေးကို စောင့်ရှောက်နေတာလည်း ဖြစ်ပါတယ် ။

Photo Credit-Ye Min Lay Photography
Photo Credit-Khant Wai Nyein
Photo Credit-Kyaw Phyo Tun's FB Acc

အာဘွိုင်းကတော့ မင်းသမီးချောလေး မြတ်ရတနာကျော်နဲ့အိမ်ထောင်ကျပြီး ချစ်စရာကောင်းတဲ့ သမီးချောလေးတစ်ယောက်ကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ် ။ မွေးကင်းစအရွယ်လေးကတည်းက အရမ်းချစ်ဖို့ကောင်းတဲ့ သမီးချောလေးကိုတော့ ဖေဖေအာဘွိုင်းက တုန်နေအောင် ချစ်ရတာဖြစ်ပါတယ်။ အခုလည်း အာဘွိုင်းက သူချစ်ရတဲ့သမီးလေး Scarlett Phyo Tun ရဲ့ချစ်စရာပုံရိပ်လေးတွေကို မျှဝေထားတာ ဖြစ်ပါတယ် ။

Photo Credit-Kyaw Phyo Tun's FB Acc
Photo Credit-Kyaw Phyo Tun's FB Acc
Photo Credit-Kyaw Phyo Tun's FB Acc

အာဘွိုင်းရဲ့သမီးချောလေး Scarlett ကတော့ ဖေဖေနဲ့မေမေလို အချောလေးဖြစ်ပြီး ဘိုမရုပ်လေးလို ချစ်စရာကောင်းလွန်းတာ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း Scarlett လေးကို မိသားစုဝင်တွေသာမက ပရိသတ်တွေကပါ ဝိုင်းဝန်းချစ်ခင်နေရတာ ဖြစ်ပါတယ် ။ ကဲ မချစ်ဘဲမနေနိုင်လောက်အောင် အသည်းယားစရာကောင်းတဲ့ အာဘွိုင်းရဲ့သမီးချောလေး Scarlett ရဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Kyaw Phyo Tun's FB Acc

Photo Credit-Kyaw Phyo Tun's FB Acc
Photo Credit-Kyaw Phyo Tun's FB Acc
Photo Credit-Kyaw Phyo Tun's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။