ကလေးနှစ်ယောက်အမေလို့တောင် ထင်ရက်စရာမရှိလောက်အောင် နုပျိုလှပနေသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းပဲ ဖြစ်ပါတယ်။ သူမဟာ ဆယ်စုနှစ်တိုင်အောင် အနုပညာလောကမှာ အောင်မြင်မှုတွေ ရရှိထားပြီး လက်ရှိအချိန်မှာတော့ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားတာကြောင့် အနုပညာအလုပ်တွေကို အရင်လောက်မလုပ်တော့ဘဲ ကလေးတွေကိုသာ အချိန်ပြည့် ဂရုတစိုက် စောင့်ရှောက်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူမရဲ့ မိသားစုဘဝလေးကို ကြည့်ကာ အားကျနေကြတာလည်း ဖြစ်ပါတယ်။

Photo Crd- Thinzar Nwe Win’s Facebook Account
Photo Crd- Thinzar Nwe Win’s Facebook Account
Photo Crd- Thinzar Nwe Win’s Facebook Account

သဉ္ဇာဟာ ပရိသတ်တွေနဲ့ အဆက်သွယ် မပြတ်အောင်လို့လည်း ကြော်ငြာလေးတွေတော့ ရိုက်ကူးပေးနေတာလည်း ဖြစ်ပါတယ်။ သူမဟာ ကလေးတွေရဲ့ ဝေယျာဝစ္စတွေသာမကဘဲ ချစ်ခင်ပွန်းကိုလည်း လိုလေသေးမရှိအောင် ဂရုစိုက်မှုတွေပေးနေတဲ့ ဇနီးကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း အမြဲလိုလို တင်ပေးနေတာလည်း ဖြစ်ပါတယ်။

Photo Crd- Thinzar Nwe Win’s Facebook Account
Photo Crd- Thinzar Nwe Win’s Facebook Account

အခုမှာလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ " တစ်ပင်ထဲရင်ထဲကနွယ် " ဆိုပြီး သူမရဲ့ အလှပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ သဉ္ဇာကတော့ အနက်ရောင် ဖက်ရှင်လေးနဲ့ ချစ်စရာကောင်းလွန်းနေတာပဲဖြစ်ပြီး ပရိသတ်တွေလည်း ကြည့်ရှုနိုင်အောင် သူမရဲ့ ပုံရိပ်လေးတွေကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo credit- Thinzar Nwe Win’s Facebook Account 

Photo Crd- Thinzar Nwe Win’s Facebook Account
Photo Crd- Thinzar Nwe Win’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။