ပရိသတ်တွေရဲ့ အချစ်တော်လေး ဝါဆိုမိုးဦး ကတော့ အနုပညာလောကမှာ ကလေးဘဝထဲက စတင်ဝင်ရောက်ခဲ့ပြီး နေရာတစ်နေရာကို ရပ်တည်ထားနိုင်ခဲ့တဲ့သူပါနော်..။ သူမက သရုပ်ဆောင်ပိုင်းမှာလည်း အပြစ်ပြောစရာမရှိလောက်အောင် အကောင်းဆုံး သရုပ်ဆောင်နိုင်သလို သီချင်းဆိုတာကိုလည်း အထူးဝါသနာပါသူလေးပဲဖြစ်ပါတယ်။ သူမဟာအမိုက်စားဖက်ရှင်ဒီဇိုင်းလေးတွေကို လိုက်ဖက်ညီညီဝတ်ဆင်တတ်သူလေးဖြစ်ပြီး ကြည့်လိုက်တိုင်းထိထိမိမိလှနေသူလေးပဲဖြစ်ပါတယ်။

Photo Credit - Aung II

ဒါ့ပြင်သူမဟာ ကျစ်လျစ်လှပတဲ့ ဘော်ဒီကောက်ကြောင်းကိုလည်းပိုင်ဆိုင်ထားတာကြောင့် ပုရိသတွေသာမက မိန်းကလေးတွေပါ သဘောကျရသူလေးပါနော်။ အချစ်ရေးမှာလည်း အဆိုတော်ဖြိုးလေးနဲ့အတူ သာယာပျော်ရွှင်တဲ့ ချစ်သူဘဝလေးကို ရရှိထားတာကြောင့် ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ အတွဲလေးပဲဖြစ်ပါတယ်။ ယခုမှာတော့  ဝါဆိုမိုးဦး က ပရိသတ်တွေကို အရင်က ဖော်ပြပေးတဲ့ အလန်းစား ပုံရိပ်လေးတွေနဲ့ မတူတဲ့ ချစ်စရာပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Aung II

ဒီပုံလေးတွေ ထဲမှာတော့ ဝါဆိုမိုးဦး က ရိုးရှင်းအေးချမ်းတဲ့ မြန်မာဆန်ဆန် ဖက်ရှင်ဝတ်စုံလေး နဲ့ မြင်သူတိုင်းချစ်အားပိုအောင် ဖမ်းစားထားတဲ့ ပုံလေးတွေပဲဖြစ်ပါတယ်။ ဒီပုံလေးတွေကတော့ သူမရဲ့ အသက် ၂၆ နှစ်ပြည့် မွေးနေ့လေးမှာ ဘုရားသွားရင်း ရိုက်ထားခဲ့တဲ့ ပုံလေးတွေကို ပြန်လည်ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ယခုမှာတော့ ရိုးရိုးယဉ်ယဉ်လေးနဲ့ ချစ်စရာကောင်းနေတဲ့ မင်းသမီးလေး ဝါဆိုမိုးဦးရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Aung II

Photo Credit - Aung II

Source - Warso Moe Oo's Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။