ချစ်ရတဲ့ ပရိသတ်ကြီးရေ Makeup artist တစ်ယောက်ဖြစ်တဲ့ ဟန်နာယူရီကတော့ ကိုရီးယားမင်းသမီးတွေ ရှုံးရလောက်အောင် ချစ်စရာကောင်းလွန်းတဲ့ သူလေးပါနော်။ ဖြူဖွေးနုဖတ်တဲ့ အသားအရည်လေးကို ပိုင်ဆိုင်ထားပြီး ဖက်ရှင်တွေကလည်း မြင်သူငေးရလောက်အောင် လိုက်ဖက်ညီညီ ဝတ်ဆင်တက်တာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အားကျချစ်ခင်မှုကိုလည်း အပြည့်အဝရရှိထားတာပါနော်။

Photo credit - Hannayuri's Fb page
Photo credit - Hannayuri's Fb page
Photo credit - Hannayuri's Fb page

ပရိသတ်တွေရဲ့ အချစ်တော်လေးဖြစ်သလို အရုပ်မလေးနဲ့ တူတဲ့ ဟန်နာယူရီက လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားပြီး ပြည်တွင်းခရီးစဥ်တွေကို ထွက်ရှိနေတာပဲ ဖြစ်ပါတယ်။ သူမရဲ့ လှုပ််ရှားမှုပုံရိပ်လေးတွေနဲ့ အလှပုံရိပ်လေးတွေကို လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ပေးလေ့ရှိတဲ့ ဟန်နာယူရီက ယနေ့မှာလည်း ပိုစ့်တစ်ခု တင်ပေးလာခဲ့ပါတယ်။ 

Photo credit - Hannayuri's Fb page
Photo credit - Hannayuri's Fb page
Photo credit - Hannayuri's Fb page

ဟန်နာယူရီက သူမရဲ့ သွယ်လျကျစ်လစ်တဲ့ ကိုယ်ခန္ဓာလေးနဲ့ လိုက်ဖက်ညီတဲ့ ဖက်ရှင်အလန်းစားလေးကို ဝတ်ဆင်ထားပြီး လှပတဲ့ ရူခင်းတွေကို နောက်ခံထားကာ ဓာတ်ဖမ်းထားတာပဲ ဖြစ်ပါတယ်။ ပြစ်ချက်မရှိ လှပလွန်းတဲ့ သူမရဲ့ ပုံလေးတွေအပြင် " နောက်တစ်ခေါက်မှအတူတူပြန် လာမယ်နော်တောင်ကြီးအိမ်တော်လမ်းအမှတ်တရ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။ ကဲ ချစ်ရတဲ့ ပရိသတ်တွေလည်းဟန်နာယူရီရဲ့ ပုံလေးတွေကို ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။ 

Photo credit - Hannayuri's Fb page
Photo credit - Hannayuri's Fb page
Photo credit - Hannayuri's Fb page

Source & Photo credit - Hannayuri's Fb page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။