အကယ်ဒမီပိုင်ဖြိုးသုကတော့ ချစ်စရာညီမလေးတစ်ယောက်ကိုပိုင်ဆိုင်ထားပြီး ညီအစ်မနှစ်ယောက်လုံးက ရုပ်ချင်းလေးတွေဆင်ကာ အရမ်းချစ်စရာကောင်းကြပါတယ်နော်။ပိုင်ဖြိုးသုက အနုပညာလောကမှာလျှောက်လှမ်းနေတာဖြစ်ပြီး နိုင်ဖြိုးဥကတော့ နိုင်ငံခြားမှာပညာသင်ကြားနေတာဖြစ်ပါတယ်။သုသုနဲ့ဥဥတို့ ညီအစ်မက တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြပြီး စည်းလုံးကြပါတယ်နော်။

Photo Credit:Paing Phyo Thu's Facebook Account/RBV
Photo Credit:Naing Phyo Oo's Facebook Account
Photo Credit:Naing Phyo Oo's Facebook Account

သုသုက ဒါရိုက်တာဏကြီးနဲ့ လက်ထပ်လိုက်ပြီး သာယာတဲ့အိမ်ထောင်ရေးလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။သုသုတို့ဇနီးမောင်နှံနှစ်ယောက်က လက်ရှိမှာဆိုရင် ပရိသတ်တွေအရမ်းအားကျပြီးချစ်ခင်အား‌ပေးနေရတာဖြစ်ပါတယ်။လတ်တလောမှာဆိုရင်တော့ သုသုတို့က ပျော်ပျော်ရွှင်ရွှင်ခရီးထွက်ကြပြီး အပန်းဖြေနေကြတာဖြစ်ပါတယ်နော်။

Photo Credit:Naing Phyo Oo's Facebook Account
Photo Credit:Naing Phyo Oo's Facebook Account

သုသုတို့ဇနီးမောင်နှံနှစ်ယောက်ကတော့ ညီမလေးဥဥရဲ့ ရှေ့မှာ အရမ်းရိုပြနေကြတာပါနော်။ညီမလေးကတော့ အစ်မတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ သာယာကြည်နူးပုံလေးတွေကို ဘေးကနေကြည့်ပြီး ပီတိဖြစ်နေတာဖြစ်ပါတယ်။အခုဆိုရင်လည်း အစ်မတို့ဇနီးမောင်နှံက ရေခဲမုန့်လေးအပြန်အလှန်စားပြီး ရိုနေတဲ့အချိန် သူမကတော့ ရေခဲမုန့်လေးကိုင်ပြီးဘေးမှာကြည့်နေတဲ့ပုံလေးကို မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:Naing Phyo Oo's Facebook Account/RBV
Photo Credit:Naing Phyo Oo's Facebook Account
Photo Credit:Naing Phyo Oo's Facebook Account

Source&Photo Credit:Naing Phyo Oo's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။