ပရိသတ်ကြီးရေ.. အောင်မြင်မှုတွေ အခိုင်အမာရရှိထားပြီး ပရိသတ်တွေရဲ့ရင်ထဲ နေရာယူထားသလို ရိုးရှင်းအေးချမ်းတဲ့အလှပုံရိပ်လေးတွေကြောင့်လည်း အားလုံးက အချစ်ပိုနေကြသူလေးကတော့ မင်းသမီးချော နန်းမြတ်ဖြိုးသင်းပဲ ဖြစ်ပါတယ်နော်..။

နန်းမြတ်ကတော့ အနုပညာလောကမှာ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေသလို ကြင်နာပြီးအလိုလိုက်တဲ့ချစ်ခင်ပွန်းအပြင် ချစ်စရာကောင်းလွန်းတဲ့ သားလေးကိုလည်း ပိုင်ဆိုင်ထားကာ ဒုတိယမြောက်ရင်သွေးလေးကိုလည်း လွယ်ထားနေရပြီး ကြည်နူးစရာမိသားစုဘဝလေးကိုလည်း ဖြတ်သန်းနေသူပါပဲ..။

Photo Credit - Aye Zaw Moe - setthmu
Photo Credit - Aye Zaw Moe - setthmu

စေတနာသဒ္ဓါတရားကောင်းမွန်ပြီး မကြာခဏဆိုသလို အလှူအတန်းတွေကိုလည်း ပြုလုပ်လေ့ရှိတဲ့ နန်းမြတ်တို့ဇနီးမောင်နှံကတော့ ဒီကနေ့လေးမှာလည်း သစ်တံခါးဆရာတော်ဘုရားကြီးကို ဆွမ်းကပ်လှူကာ ကုသိုလ်ယူခဲ့ပြန်ပါတယ်နော်..။

အသိမိတ်ဆွေရဲ့နေအိမ်မှာ ပြုလုပ်တဲ့ ဆွမ်းကပ်အလှူလေးမှာ နန်းမြတ်လေးက ကိုယ်တိုင်ကိုယ်ကျဟင်းတွေချက်ယူသွားပြီး သစ်တံခါးဆရာတော်ဘုန်းဘုန်းကြီးကို ဆွမ်းကပ်လှူကာ ကုသိုလ်ယူခဲ့ကြတာ ဖြစ်ပါတယ်နော်..။

Photo Credit - Aye Zaw Moe - setthmu
Photo Credit - Aye Zaw Moe - setthmu
Photo Credit - Aye Zaw Moe - setthmu

"သစ်တံခါးဆရာတော်ဘုန်းဘုန်းကြီးကို ဆရာ+အမမဂျူလီအိမ်မှာ ဆွမ်းကပ်လို့ နန်းမြတ်လဲဟင်းတွေ ချက်သွားပြီး ကုသိုလ်ယူခဲ့ပါတယ်

အားလုံးထပ်တူကုသိုလ်ရကြပါစေ.." ဆိုပြီးတော့လည်း ကုသိုလ်ယူခဲ့တဲ့ ကြည်နူးစရာပုံရိပ်လေးတွေကိုလည်း နန်းမြတ်လေးက ဝေမျှထားပါသေးတယ်နော်..။

မနက်ခင်းလေးမှာ ဆွမ်းကပ် ကုသိုလ်ယူခဲ့တဲ့ နန်းမြတ်တို့ရဲ့ အလှူပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေက သာဓုခေါ်ကာ ဆုတောင်းစကားလေးတွေ ပြောထားကြပါတယ်နော်..။

Photo Credit - Aye Zaw Moe - setthmu
Photo Credit - Aye Zaw Moe - setthmu

Source - Nann Myat Phyo Thin's Fb Page

Photo Credit - Aye Zaw Moe - setthmu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။