ချစ်ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး နွယ်ဒါလီထွန်းကတော့ ပြစ်ချက်မရှိလှပတဲ့ မျက်နှာလေးအပြင် ကလေးဆန်တဲ့ ချစ်စရာ အမူအရာလေးတွေကြောင့်လည်း ပရိသတ်တွေကအချစ်ပိုခဲ့ကြတာပါ။ သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ အပြုံးချိုချိုလေးတွေဟာလည်း ပုရိသယောကျာ်းလေးပရိသတ်တွေကိုအဓိကကြွေစေရတဲ့ အချက်တစ်ချက်ပဲဖြစ်ပါတယ်။ ဒါ့အပြင် ဖော်ရွေပျူဌာတတ်တဲ့ သူမရဲ့ဖြူစင်တဲ့ စိတ်ထားလေးတွေကြောင့်လည်း ပရိသတ်များသာမက အနုပညာရှင်များကပါ ချစ်ခင်ကြတာဖြစ်ပါတယ်။

Photo credit - HPY photography
Photo credit - HPY photography

နွယ်ဒါလီထွန်း က လတ်တလောမှာတော့ ကပ်ရောဂါကြောင့် ရပ်နားထားရတဲ့ အနုပညာလှုပ်ရှားတွေကို ပြန်လည်လုပ်ကိုင်နေတာကိုလည်း တွေ့ရပါတယ်။ သူမ အားလပ်တဲ့အချိန်လေးတွေမှာလည်း ပရိသတ်တွေအလွမ်းပြေစေရန်အတွက် အမိုက်စား ဓာတ်ဖမ်းထားတဲ့ အလှပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာကနေ ပရိသတ်တွေဆီကို မျှဝေပေးလျှက်ရှိနေတာပဲ ဖြစ်ပါတယ်။ ယခုမှာလည်း နွယ်ဒါလီထွန်းက သူမရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ ချစ်စရာကောင်းစွာဓာတ်ဖမ်းထားတဲ့ ပုံရိပ်တချို့ကို တင်ပေးလာတာပဲ ဖြစ်ပါတယ်။

Photo credit - HPY photography
Photo credit - HPY photography

နွယ်ဒါလီထွန်းက တမူထူးခြားတဲ့ ပန်းဆီရောင် ဖက်ရှင်လေးနဲ့ မြင်သူငေးရလောက်အောင် အလှကြီးလှနေခဲ့ပြီး ပွဲအခမ်းအနားတစ်ခုကို တက်ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။ နွယ်ဒါလီထွန်းရဲ့ ပုံလေးတွေတိုင်းက ဆွဲဆောင်မှုရှိရှိနဲ့ လှရက်လွန်းနေခဲ့ပြီး ပုရိသတို့ အသည်းတွေကို လှုပ်ခတ်သွားစေမိမှာ အသေချာပဲမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ ကဲ...ချစ်ပရိသတ်ကြီးကလည်း နွယ်ဒါလီထွန်း ရဲ့ ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို မမေ့လိုက်ပါနဲ့နော် ။ 

Photo credit - HPY photography
Photo credit - HPY photography
Photo credit - HPY photography

Photo credit - HPY photography

Source - Nwe Darli Htun's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။