ပြည်သူ့အချစ်တော်လေး မော်လ်ဒယ်သရုပ်ဆောင် တစ်ယာက်ဖြစ်တဲ့ ရွှေအိမ်စည် က အနုပညာလမ်းခရီးကို ယုံကြည်မှုရှိရှိ အကောင်းဆုံးလျှောက်လှမ်းလာခဲ့တဲ့ သူလေးပါနော်..။ ရွှေအိမ်စည် က ယခုမှာဆိုရင် ကြော်ငြာတွေကို များစွာ လက်ခံရိုက်ကူးလာသလို ရုပ်ရှင်ဇာတ်ကားတွေထဲမှာလည်း ပါဝင်သရုပ်ဆောင်လာနေတာကို တွေ့ရပါတယ်။ သူမဟာ စွဲမက်စရာကောင်းတဲ့ ခန္ဓာကိုယ်အလှတရားတွေကို ပိုင်ဆိုင်ထားပြီး အမိုက်စားဖက်ရှင်လေးတွေကို အမြဲလိုလို ဝတ်ဆင်တက်တာကြောင့် ပုရိသတို့ အသည်းစွဲ အားပေးချစ်ခင်ရတာဖြစ်ပါတယ်။

Photo Credit - Shwe Eain Si's Facebook Page
Photo Credit - Shwe Eain Si's Facebook Page

ဒါ့အပြင် အနုပညာအလုပ်တွေကို ဒီထက်မကအောင်မြင်မှုတွေရရှိအောင် အကောင်းဆုံး ကြိုးစားလုပ်ကိုင်နေတာကိုလည်း တွေ့ရပါတယ်။ ရွှေအိမ်စည်ကတော့ ဖက်ရှင်ရှိုးပွဲတွေမှာလည်း ဆန်းသစ်တဲ့ ဖက်ရှင်လေးတွေနဲ့ တက်ရောက်နေသူဖြစ်ပြီး ပျိုမဒီလေးတွေ လေးစားအားကျနေရသူပဲဖြစ်ပါတယ်။အခုမှာလည်း ရွှေအိမ်စည်က သူမရဲ့ချစ်ပရိသတ်တွေအတွက် အလွမ်းပြေပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာမှာ တင်ပေးလာခဲ့ပါတယ်။

Photo Credit - Shwe Eain Si's Facebook Page
Photo Credit - Shwe Eain Si's Facebook Page

ဒီပုံလေးတွေထဲမှာတော့ ရွှေအိမ်စည် က လိုက်ဖက်လှတဲ့ မြန်မာဆန်ဆန် ဖက်ရှင်ဝတ်စုံလေးဝတ်ပြီး ချစ်စရာအမူအရာလေးတွေနဲ့ ဖမ်းစားထားတဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ပင်ကိုယ်အလှတရားတွေနဲ့ ရင်ခုန်စရာကောင်းလောက်အောင် လှရက်လွန်းနေတဲ့ ရွှေအိမ်စည် ရဲ့ပုံရိပ်လေးတွေကို ပရိသတ်တွေလည်း သဘောကျကြိုက်နှစ်သတ်မယ်လို့ မျှော်လင့်မိပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ အချစ်တော်လေး ရွှေအိမ်စည် ရဲ့ရိုးရိုးလေးနဲ့ လှနေတဲ့ ချစ်စရာ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo  Credit - Shwe Eain Si's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။