ကလေးတစ်ယောက် အမေလို့ထင်ရက်စရာမရှိလောက်အောင် နုပျိုနေသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး မေကဗျာပဲ ဖြစ်ပါတယ်။

သူမဟာ အနုပညာလောကမှာ ဆယ်စုနှစ်ကျော်တိုင်အောင် အောင်မြင်မှုတွေရရှိထားတဲ့ မင်းသမီးချောလေးတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမဟာ  ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးခြင်း နည်းလာပင်မယ့်လည်း ကြော်ငြာလေးတွေတော့ အမြဲမပြတ် ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။

Photo Crd- May Kabyar’s Facebook Page
Photo Crd- May Kabyar’s Facebook Page

မေကဗျာဟာ ကိုယ်ပိုင်အထည်ချုပ်စက်ရုံလေး ထောင်ထားပြီး စက်ရုံက ထွက်ရှိတဲ့ အထည်တွေကို အွန်လိုင်းမှာ ရောင်းချပေးနေပြီး ပရိသတ်တွေ အများအပြား ဝယ်ယူအားပေးနေကြတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူမရဲ့    အနုပညာလှုပ်ရှားမှုတိုင်းကိုလည်း ပရိသတ်တွေကို အမြဲဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း မိတ်ကပ်ဖန်တီးရှင် ညီညီမောင် (စမ်းချောင်း) ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Nyi Nyi Maung’s Facebook Page
Photo Crd- Nyi Nyi Maung’s Facebook Page

သုသုရဲ့ လိမ်းခြယ်မှုတွေနဲ့ ယဉ်ယဉ်လေးလှပနေတဲ့ မေကဗျာရဲ့ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ သူမဟာ မြန်မာဝတ်စုံလေးတွေ အရမ်းကို လိုက်ဖက်ပြီး ချစ်စရာကောင်းလွန်းနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် မြန်မာဆန်ဆန်လေးဝတ်ဆင်ပြီး ကျက်သရေရှိတဲ့ အလှတရားနဲ့ နုပျိုလှပနေတဲ့ မင်းသမီးချောလေး မေကဗျာရဲ့ ပုံရိပ်လေးတွေကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Nyi Nyi Maung’s Facebook page and May Kabyar’s Facebook Page

Photo Crd- Nyi Nyi Maung’s Facebook Page
Photo Crd- Nyi Nyi Maung’s Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။