ကျော်ကျော်၊ ညီထွဋ်ခေါင်နဲ့ ဆုမြတ်နိုးဦးတို့သုံးယောက်ကတော့ အနုပညာမောင်နှမတွေဖြစ်ကြသလို အရမ်းကိုခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေလည်း ဖြစ်ပါတယ် ။ BFF တွေဖြစ်ကြတဲ့ ကျော်ကျော်တို့သုံးယောက်က အရမ်းကိုအတွဲညီပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်ကြတာ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း သူတို့သုံးယောက်ကို ပရိသတ်တွေက အားပေးချစ်ခင်နေရတာပဲ ဖြစ်ပါတယ် ။

Photo Credit-"N-H-K = ဗရမ်းဗတာဘီအက်ဖ်အက်ဖ်များ" FB Page
Photo Credit-"N-H-K = ဗရမ်းဗတာဘီအက်ဖ်အက်ဖ်များ" FB Page
Photo Credit-"N-H-K = ဗရမ်းဗတာဘီအက်ဖ်အက်ဖ်များ" FB Page

ကျော်ကျော်တို့သူငယ်ချင်းသုံးယောက်က တစ်ယောက်နဲ့တစ်ယောက် စနောက်ကျီစယ်လေ့ရှိပြီး အမြဲတမ်းပျော်စရာကောင်းနေတာ ဖြစ်ပါတယ် ။ အခုလည်း ကျော်ကျော်နဲ့ ညီထွဋ်ခေါင်တို့နှစ်ယောက်က ချစ်သူငယ်ချင်းလေး ဆုမြတ်နိုးဦးရဲ့မွေးနေ့မှာ Surprise လုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။ ကျော်ကျော်နဲ့ ညီထွဋ်ခေါင်က ဆုမြတ်နိုးဦးအတွက် ပျော်ရွှင်စရာမွေးနေ့ပွဲလေးကို ဖန်တီးပေးခဲ့ကြတာ ဖြစ်ပါတယ် ။

Photo Credit-"N-H-K = ဗရမ်းဗတာဘီအက်ဖ်အက်ဖ်များ" FB Page
Photo Credit-"N-H-K = ဗရမ်းဗတာဘီအက်ဖ်အက်ဖ်များ" FB Page
Photo Credit-"N-H-K = ဗရမ်းဗတာဘီအက်ဖ်အက်ဖ်များ" FB Page

ကျော်ကျော်တို့က မွေးနေ့ကိတ်ထဲမှာလက်စွပ်ထည့်ထားတဲ့ပုံစံနဲ့ ဆုမြတ်နိုးဦးကိုစနောက်ခဲ့ပြီးမှ တကယ့်လက်စွပ်အစစ်သုံးကွင်းကို ထုတ်ပေးခဲ့ကြတာ ဖြစ်ပါတယ် ။ ဆုမြတ်နိုးဦးတစ်ယောက်ကတော့ ကျော်ကျော်နဲ့ ညီထွဋ်ခေါင်တို့ဆီကနေ အမှတ်တရလက်ဆောင်တွေရလို့ ဝမ်းသာပျော်ရွှင်နေတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ကျော်ကျော်၊ညီထွဋ်ခေါင်နဲ့ ဆုမြတ်နိုးဦးတို့သူငယ်ချင်းသုံးယောက်ရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-"N-H-K = ဗရမ်းဗတာဘီအက်ဖ်အက်ဖ်များ" FB Page

Photo Credit-"N-H-K = ဗရမ်းဗတာဘီအက်ဖ်အက်ဖ်များ" FB Page
Photo Credit-"N-H-K = ဗရမ်းဗတာဘီအက်ဖ်အက်ဖ်များ" FB Page
Photo Credit-"N-H-K = ဗရမ်းဗတာဘီအက်ဖ်အက်ဖ်များ" FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။