ဆယ်စုနှစ်တွေများစွာတိုင်အောင် အနုပညာလောကမှာ အောင်မြင်မှုတွေများစွာ ယနေ့ထိတိုင် ရရှိပိုင်ဆိုင်ထားသူကတော့ ပြည်သူချစ်မင်းသမီးချောလေး စိုးမြတ်နန္ဒာပဲ ဖြစ်ပါတယ်။ သူမဟာ အကယ်ဒမီထူးချွန်ဆုရရှိထားတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပြီး အနုပညာအလုပ်တွေမလုပ်တော့သော်လည်း ပရိသတ်တွေကတော့ ယနေ့ထိတိုင် ချစ်ခင်အားပေးနေကြဆဲ ဖြစ်ပါတယ်။ သူမဟာ တစ်ခေတ်တစ်ခါက ပရိသတ်တွေကြားမှာ အရမ်းကို နာမည်ကြီး အောင်မြင်ခဲ့တဲ့ ပြည်သူချစ် မင်းသမီးလေးတစ်လက်လည်း ဖြစ်ပါတယ်။

Photo Crd- Soe Myat Nandar’s Facebook Page
Photo Crd- Soe Myat Nandar’s Facebook Page
Photo Crd- Soe Myat Nandar’s Facebook Page

ဒါဒါဟာ လက်ရှိမှာလည်း ချစ်ရတဲ့ သားလေးနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးဖြစ်အောင် ဖန်တီးတည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ပိုင်စီးပွားရေးအနေနဲ့ ညီအစ်မတွေနဲ့အတူ " မင်းသမီး " ပိုးထည်ဆိုင်ကို ဖွင့်လှစ်ထားတာပဲ ဖြစ်ပါတယ်။ ဒါဒါဟာ သူမရဲ့ လှုပ်ရှားမှုတွေတိုင်းကိုလည်း ပရိသတ်တွေ သိရှိရအောင် အမြဲတင်ဆက်ပေးနေတာလည်း ဖြစ်ပါတယ်။

Photo Crd- Soe Myat Nandar’s Facebook Page
Photo Crd- Soe Myat Nandar’s Facebook Page
Photo Crd- Soe Myat Nandar’s Facebook Page

မကြာသေးခင် နာရီပိုင်းလောက်ကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတစ်ပုံ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ပိတ်ရက်လေးမှာ တူမလေးခင်လင်းထင်နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေ ဖြတ်သန်းနေတဲ့ စိုးမြတ်နန္ဒာရဲ့ ပုံလေးပဲ ဖြစ်ပါတယ်။ ဒါဒါကလည်း " သူမထော်ခင် ကိုယ်အရင်ထော်ထားရတာ" ဆိုပြီး ရေးသားထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက် ဒီပုံရိပ်လေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Soe Myat Nandar’s Facebook Page 

Photo Crd- Soe Myat Nandar’s Facebook Page
Photo Crd- Soe Myat Nandar’s Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။