အဆိုတော်မလေး Bobby Soxer ကတော့ လူငယ်တွေကြားထဲမှာ သူမရဲ့သီချင်းကောင်းလေးတွေနဲ့ နေရာယူထားတာ ဖြစ်ပါတယ် ။ Bobby Soxer ကအသံကောင်းသလို သီချင်းဆိုတိုင်းမှာလည်း ပရိသတ်တွေရဲ့စိတ်အာရုံကို ဖမ်းစားနိုင်လောက်အောင် သီဆိုတတ်တာ ဖြစ်ပါတယ် ။ ဒါ့အပြင် Bobby Soxer က Rap သီချင်းတွေကို ပိုင်ပိုင်နိုင်နိုင် သီဆိုတတ်တာကြောင့် မိန်းကလေးပရိသတ်တွေရဲ့အားပေးမှုကိုသာမက ယောက်ျားလေးပရိသတ်တွေရဲ့ဝန်းရံမှုကိုပါ ရရှိထားတာ ဖြစ်ပါတယ် ။

Photo Credit-Bobby Soxer's FB Page
Photo Credit-Bobby Soxer's FB Page
Photo Credit-Bobby Soxer's FB Page

အချစ်ရေးနဲ့ပတ်သက်ရင်တော့ B Sox က အဆိုတော်၊သရုပ်ဆောင် လွှမ်းပိုင်နဲ့ ချစ်ကြိုက်ပြီး အတူလက်တွဲခဲ့တာက ချစ်သူသက်တမ်း (၁၁)နှစ်ကျော်တောင် ရှိလာခဲ့ပြီဖြစ်ပါတယ်။ လတ်တလောမှာတော့ B Sox က ပရိသတ်တွေအတွက် သူမရဲ့လှုပ်ရှားမှုလေးတွေကို လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ပုံမှန်မျှဝေပေးနေတာလည်း ဖြစ်ပါတယ် ။ ဒီရက်ပိုင်းမှာ B Sox က Maybelline Myanmar ရဲ့ Live Show အစီအစဥ်လေးတစ်ခုကို တက်ရောက်ခဲ့ရတာပဲ ဖြစ်ပါတယ် ။

Photo Credit-Bobby Soxer's FB Page
Photo Credit-Bobby Soxer's FB Page
Photo Credit-Bobby Soxer's FB Page

ဒီပွဲလေးကိုတော့ B Sox က နီညိုရောင်အမိုက်စားဖက်ရှင်လေးနဲ့ တစ်မူထူးခြားစွာ တက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ် ။ B Sox က ဆံပင်ပုံစံလေးကိုလည်းပြောင်းလဲထားပြီး ဖက်ရှင်ကအစ မြင်နေကျပုံစံလေးတွေနဲ့မတူဘဲ ခပ်မိုက်မိုက်လေးပြင်ဆင်ကာ အထာကျကျဂေါ်နေခဲ့တာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် အဆိုတော်မလေး Bobby Soxer ရဲ့ပွဲတက်ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Bobby Soxer's FB Page 

Photo Credit-Bobby Soxer's FB Page
Photo Credit-Bobby Soxer's FB Page
Photo Credit-Bobby Soxer's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။