ချစ်ပရိသတ်ကြီးရေ အဆိုတော်မလေးဖြစ်တဲ့ Bobby Soxer (ထက်ထက်) ကတော့ ပရိသတ်တွေထဲမှာ မသိသူ မရှိသလောက်ကို ရှားမှာ အသေအချာပါပဲနော်။ Rapသီချင်းတွေ အများဆုံးသီဆိုပြီး သူမ သီဆိုခဲ့တဲ့ သီချင်းအတော်များများကိုလည်း ကိုယ်တိုင်ရေးသားထားတာပဲဖြစ်ပါတယ်။ လူငယ်ပရိသတ်တွေရဲ့ အားပေးဝန်းရံခြင်းကို တခဲနက်ရရှိထားတဲ့ ထက်ထက်က တစ်ကိုယ်တော် အယ်ဘမ်လ်လည်း ထွက်ရှိထားသူပါ။

Photo credit - Bobby Soxer's FB page
Photo credit - Bobby Soxer's FB page

ထက်ထက်က နိုင်ငံကျော် အဆိုတော် လွှမ်းပိုင်နဲ့လည်း ဆယ်စုနှစ်တစ်ခုတိုင် သစ္စာရှိရှိလက်တွဲခဲ့တဲ့ ချစ်သူတွေလည်းဖြစ်လို့ သူမတို့အတွဲကို အများက အားကျနေကြတာပဲဖြစ်ပါတယ်။ ထက်ထက်က လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ Stay home ကာလမှာ ရပ်နားထားတဲ့ အနုပညာကိစ္စလေးတွေကို ပြန်လည်လုပ်ကိုင်နေပြီး သီချင်းအသစ်တွေလည်း ထွက်ရှိဖို့ ကြိုးစားနေတာကို တွေ့ရပါတယ် ။

Photo credit - Bobby Soxer's FB page
Photo credit - Bobby Soxer's FB page

Bobby Soxerက ယနေ့မှာတော့ သူမရဲ့ ပင်ကိုယ်စတိုင်လေးနဲ့ အထာကျကျပိုစ့်ပေးကာ ဓာတ်ဖမ်းနေတဲ့ ပုံလေးတွေကို တင်ပေးလာတာပါ။ စာအုပ်လေးကိုဖတ်ရင်း ဆွဲဆောင်မှုရှိလွန်းတဲ့ ပုံရိပ်လေးတွေအပြင် " သမိုင်းကြောင်းတွေကို စာအုပ်မှာရေးမှတ်ကြတယ် တို့နှစ်ယောက်အမှတ်တရတွေကိုတော့ နှလုံးသားမှာ ရေမှတ်ထားတာပိုကြာရှည်ခံတယ် " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်.. ။

Photo credit - Bobby Soxer's FB page
Photo credit - Bobby Soxer's FB page

Source & Photo credit - Bobby Soxer's FB page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။