ပရိသတ်ကြီးရေ.....မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတစ်ဆင့် ပရိသတ်တွေရဲ့အားပေးမှုကို ရရှိလာခဲ့တာဖြစ်ပြီး နာမည်ရလာတဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။ ပန်းနုသွေးဆိုတဲ့ ဇာတ်ရုပ်လေးနဲ့ပရိသတ်တွေစတင်သတိထားမိလာခဲ့တဲ့မေမြင့်မိုရ်ဟာ အခုလက်ရှိမှာဆိုရင် ရုပ်ရှင်ကားကြီးတွေပါ ဆက်တိုက်ရိုက်ကူးနေရပြီပဲဖြစ်ပါတယ်။

Photo credit-May Myint Mo's Facebook acc
Photo credit-May Myint Mo's Facebook acc

မေမြင့်မိုရ်ပါ၀င်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်လမ်းတွဲအတော်များများဟာလည်း ပရိသတ်အားပေးမှုအပြည့်အ၀ရရှိခဲ့တာပါ။ သူမဟာမိသားစုကိုလည်းအချိန်ပေးပြီး အေးဆေးစွာနေထိုင်တတ်သူတစ်ယောက်ဖြစ်တဲ့အပြင် ပရဟိတအလုပ်တွေကိုလည်းလုပ်ကိုင်လေ့ရှိသူပါ။ မေမြင့်မိုရ်ဟာ မိတ်ဆွေအပေါင်းအသင်းတွေနဲ့လည်း ပျော်ပျော်နေတတ်တဲ့သူဖြစ်တာကြောင့် အနုပညာရှင်အချင်းချင်းကြားမှာလည်း ကောင်းမွန်တဲ့ relationship ရှိတဲ့သူလေးဖြစ်ပါတယ်။

Photo credit-May Myint Mo's Facebook acc
Photo credit-May Myint Mo's Facebook acc

မေမြင့်မိုရ်ဟာ အခုလက်ရှိမှာဆိုရင်လည်းအနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်ဆိုသလိုလုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။ မကြာသေးမီကလည်း သူမရဲ့Facebookစာမျက်နှာမှာ "လွမ်းနေတယ်ဆို" ဆိုတဲ့captionလေးနဲ့ ချစ်စရာပုံလေးတွေကိုတင်ပေးလာပါတယ်။ ကဲ....ပရိသတ်တွေအတွက် မေမြင့်မိုရ်ရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-May Myint Mo's Facebook acc
Photo credit-May Myint Mo's Facebook acc

Source-May Myint Mo's Facebook acc

Photo credit-May Myint Mo's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။