သရုပ်ဆောင် မင်းသမီးချောလေး ခေးဆက်သွင်ကတော့ ပရိသတ်တွေကြားမှာ MRTV-4 ဇာတ်လမ်းတွဲလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့တာ ဖြစ်ပါတယ် ။ အချစ်၊အလွမ်း၊ဟာသ၊ဗီလိန်စတဲ့ ဇာတ်ရုပ်မျိုးစုံကို တိကျပိုင်နိုင်ပြီး ပီပြင်အောင်ဖန်တီးနိုင်တာကြောင့်လည်း ခေးဆက်သွင်က ပရိသတ်တွေရဲ့အခိုင်အမာအားပေးမှုကို ရရှိလာခဲ့တာ ဖြစ်ပါတယ် ။ သူမရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲလေးတွေထဲမှာတော့ "အရိပ်၊ဆုံစည်းခြင်းမိုးတိမ်များ၊ နှင်းဆီ" စတဲ့ဇာတ်လမ်းတွဲလေးတွေက အရမ်းကိုအောင်မြင်ခဲ့တာကိုလည်း တွေ့ရပါတယ်နော်။

Photo credit - Thein Min Zaw
Photo credit - Thein Min Zaw

ဟန်ဆောင်မှုမရှိ ပျော်ပျော်နေတတ်ပြီး သူငယ်ချင်းတွေအပေါ်မှာလည်း အနစ်နာခံတက်တဲ့ ခေးဆက်သွင်က လူချစ်လူခင်ပေါများသူလေးလည်း ဖြစ်ပါတယ် ။ ဒါ့အပြင်ခေးဆက်သွင်ရဲ့ ရုပ်ရည်လေးက ပြစ်ချက်မရှိ ချောမောလှပတဲ့အပြင် ဆံပင်အတိုလေးနဲ့လည်း စတိုင်ကျကျလှနေတာ ဖြစ်ပါတယ် ။ ယနေ့မှာတော့ ခေးက ပုဂံဘုရားတွေကို သွားရောက်ဖူးမြော်ရင်း အမှတ်တရပုံလေးတွေရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ 

Photo credit - Thein Min Zaw
Photo credit - Thein Min Zaw

သာယာလှပလွန်းတဲ့ ရူခင်းတွေနဲ့ တန်ခိုးကြီးလွန်းတဲ့ ဘုရားတွေကြောင့် ခရီးသွားတွေများပြားလွန်းနေတဲ့ ပုဂံကို ခေးဆက်သွင်က ရောက်ရှိနေတာပါ။ ပေါ့ပါးလှပတဲ့ ဂါဝန်အရှည်လေးကို ဝတ်ဆင်ကာ ချစ်စရာကောင်းလွန်းနေတဲ့ ခေးက ပိုစ့်မျိုးစုံပေးနေခဲ့တာပါနော်။ ခေးရဲ့ ပုံလေးတွေတိုင်းက ဆွဲဆောင်မှုရှိရှိနဲ့ လှရက်လွန်းနေတာမို့ ချစ်ပရိသတ်တွေ ကြည့်ပြီး အရင်ကထက် အချစ်ပိုမိစေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ 

Photo credit - Thein Min Zaw
Photo credit - Thein Min Zaw
Photo credit - Thein Min Zaw
Photo credit - Thein Min Zaw
Photo credit - Thein Min Zaw
Photo credit - Thein Min Zaw
Photo credit - Thein Min Zaw
Photo credit - Thein Min Zaw

Photo credit - Thein Min Zaw

Source - Khay Sett Thwin's Fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။