စမတ်ကျကျ ဖက်ရှင်စတိုင်နဲ့ ဟန်ပန်တွေကြောင့် မိန်းကလေးပရိသတ်တွေ သဲသဲလှုပ် ကြွေနေရတဲ့ ရုပ်ရှင်သရုပ်ဆောင် အောင်ရဲလင်း ဟာ ဇာတ်ကားပေါင်းများစွာလည်း ရိုက်ကူးခဲ့ဖူးပါတယ်။ အောင်ရဲလင်းဟာ ပရိသတ်ချစ်ခင်အားပေးမှုရရှိထားတဲ့ မင်းသားတစ်လက်ဖြစ်ပြီး အနုပညာလောကထဲကို ဝင်ရောက်ခဲ့တာလည်းကြာခဲ့ပါပြီ။

သရုပ်ဆောင် အောင်ရဲလင်းကို ပရိသတ်တွေအနေနဲ့ သဘောကောင်းတဲ့ဆရာတစ်ယောက်အဖြစ် မြင်တွေ့ရဦးမယ်လို့ သိရပါတယ်။ဒါရိုက်တာ ပွင့်သိဂီ င်္ဇော်(အရုဏ်ဦး) ရိုက်ကူးနေတဲ့ လမ်းပြကြယ် လို့အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားမှာ အင်ဂျင်နီယာဘာသာရပ်သင်ကြားပေးတဲ့ ဆရာတစ်ယောက်အဖြစ် သရုပ်ဆောင်အောင်ရဲလင်းက ရိုက်ကူးနေပြီး ၅၂၈မေတ္တာကို ပုံဖော်မှာဖြစ်တယ်လို့သိရပါတယ်။သရုပ်ဆောင် အောင်ရဲလင်းနဲ့အတူ ခင်ဝင့်ဝါလည်း ပါဝင်လာမှာဖြစ်ပါတယ်။

“ဆရာတစ်ယောက်အဖြစ်က ကျောင်းဆရာတော့ မဟုတ်ဘူး။ငယ်ငယ်တုန်းက မကြည်ဖြူသျှင်နဲ့ရိုက်တုန်းက တော့ ကျိုင်းဆရာအဖြစ်လုပ်ဖူးတယ်။ကျောင်းတွေမှာ ဘင်ခရာအဖွဲ့ထဲက ကျိုင်းဆရာပေါ့နော်။ဆရာအဖြစ် ဒါက ဒုတိယကားလို့ပြောလို့ရပါတယ်” လို့ အောင်ရဲလင်းက Myanmar People Magazine သို့ ပြောထားပါတယ်။

အောင်ရဲလင်းကိုချစ်တဲ့ ပရိသတ်တွေရှိလား။

သတင်းအရင်းမြစ် myanmar people magazine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။