ပရိသတ်ကြီးရေ.....မင်းသမီးချောလေး ဖြူဖြူထွေးကတော့ တက်သစ်စအနုပညာရှင်လေးတစ်ယောက်ဖြစ်ပေမယ့် ပရိသတ်အားပေးချစ်ခင်မှုအများအပြားရရှိနေတာပါ။ လက်ရှိမှာတော့ ဖြူဖြူထွေးဟာ ကြော်ငြာတွေကို ဆက်တိုက်ဆိုသလို ရိုက်ကူးနေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေထဲမှာလည်း ပါဝင်သရုပ်ဆောင်နေရတာကို တွေ့ရပါတယ်။ 

Photo credit-Amazing Grace
Photo credit-Amazing Grace

ဖြူဖြူထွေးဟာ ရိုးရိုးသားသားနဲ့ ဟန်ဆောင်မှုမရှိ ပွင့်ပွင့်လင်းလင်းနေထိုင်တတ်တဲ့အတွက်ကြောင့်လည်း ပရိသတ်တွေကသူမကို ပိုပြီးချစ်နေရတာပါ။ ဖြူဖြူထွေးလေးဟာ အလှူအတန်းလုပ်တဲ့နေရာမှာလည်း တကယ်ကိုလက်ဖျားခါရလောက်အောင်ကို တွန့်တိုမှုမရှိပဲရက်ရက်ရောရောလှူဒါန်းတဲ့သူလေးဖြစ်ပါတယ်။

Photo credit-Amazing Grace
Photo credit-Amazing Grace

ဖြူဖြူထွေးရဲ့ အနုပညာလှုပ်ရှားမှုတွေဟာဆိုရင်လည်း အခုနောက်ပိုင်းမှာဆိုရင်ပိုပြီးတွေ့မြင်လာရတာလည်းဖြစ်ပြီး ကြော်ငြာတွေလည်းတောက်လျှောက်ရိုက်ကူးနေတာဖြစ်ပါတယ်။ မကြာသေးမီကလည်း ဖြူဖြူထွေးဟာ သူမရဲ့Facebookစာမျက်နှာတွင် "ပါးမှာလိမ်းထားတဲ့ သနပ်ခါးက အစစ် မွှေးတယ် ယုံလား" ဆိုတဲ့ captionလေးနဲ့ သနပ်ခါးပါးကွက်ကြားလေးလိမ်းကာ ယဉ်ယဉ်လေးလှနေတဲ့ပုံလေးတွေကိုတင်ပေးလာပါတယ်။ ကဲ....ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Amazing Grace
Photo credit-Amazing Grace

Source-Phyu Phyu Htwe's Facebook acc

Photo credit-Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။