ပရိသတ်ကြီးရေ.. လင်းလင်းကတော့ အောင်မြင်ကျော်ကြားတဲ့ Makeup Artist တစ်ယောက်ဖြစ်သလို သရုပ်ဆောင်အနုပညာဘက်မှာလည်း ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာရရှိထားသူပဲ ဖြစ်ပါတယ်..။

ပွင့်လင်းတဲ့ စကားပြောဟန်တွေကြောင့်လည်း ပရိသတ်တွေက အမြဲအချစ်ပိုအားပေးနေကြဖြစ်ပြီး ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်လေးတွေနဲ့ ဖမ်းစားတတ်သူလေးဆိုလည်း မမှားပါဘူးနော်..။

Photo Credit - Lin Lin's Fb Account
Photo Credit - Lin Lin's Fb Account

လင်းလင်းကတော့ မကြာခဏဆိုသလို တတ်နိုင်သလောက်လေးတွေ လှူဒါန်းလေ့ရှိပြီး လတ်တလောမှာလည်း သူမရရှိခဲ့တဲ့ အနုပညာကြေးငွေလေးတွေကို နဝကမ္မအလှူငွေအဖြစ် သွားရောက်လှူဒါန်းခဲ့ပြန်ပါတယ်နော်..။

ပြီးခဲ့တဲ့ရက်က Live လွှင့်လို့ရရှိခဲ့တဲ့ လုပ်အားခငွေလေးတွေကို သစ်တံခါးဆရာတော်ဘုရားကြီးဆီမှာ နဝကမ္မအလှူငွေအဖြစ် လှူဒါန်းကုသိုလ်ယူခဲ့တာဖြစ်ပြီး ချစ်ရတဲ့ပရိသတ်တွေကိုလည်း ကုသိုလ်လေးတွေ ပေးဝေထားပါသေးတယ်နော်..။

Photo Credit - Lin Lin's Fb Account
Photo Credit - Lin Lin's Fb Account

"သစ်တံခါးဆရာတော် ဘုရားကြီးအား Live လွှင့်လို့ရတဲ့ လုပ်အားခလေးတွေကို နဝကမ္မအလှူငွေများအဖြစ် သွားရောက်လှုူဒါန်းခဲပါတယ် ၇ရက်သားသမီးအပေါင်း ထပ်တူရကြပါစေ.." ဆိုပြီး သူမရဲ့အလှူလေးကို ရေးသားပြောပြထားတာ ဖြစ်ပါတယ်နော်..။

ကြည်နူးစရာအလှူ ပုံရိပ်လေးတွေကို ပရိသတ်တွေလည်း သာဓုခေါ်ကုသိုလ်ယူကာ ကြည်နူးပီတိလေးတွေ ကူးစက်စေကြမှာမို့ ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Lin Lin's Fb Account
Photo Credit - Lin Lin's Fb Account

Source & Photo Credit - Lin Lin's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။