ချစ်စဖွယ်မျက်နှာလေးရယ် အသံချိုချိုလေးရယ်ကိုပိုင်ဆိုင်ထားတဲ့ ဆရာဝန်မလေးနန်းမြတ်ဖြိုးသင်းကို ပရိသတ်ကြီးအားလုံးသိကြမယ်ထင်ပါတယ်နော်။ သူမဟာ မော်ဒယ်တစ်ယောက်အနေနဲ့ရော သရုပ်ဆောင်၊အဆိုတော်တစ်ယောက်အနေနဲ့ပါ ရပ်တည်နေနိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းဟာ အခုလက်ရှိမှာဆိုရင်လည်း ချစ်စရာကောင်းတဲ့သားငယ်လေး ဂျက်ဂျက်ကိုပါပိုင်ဆိုင်နေပြီဖြစ်ပါတယ်။

Photo Credit-Nann Myat Phyo Thinn's Facebook acc
Photo Credit-Nann Myat Phyo Thinn's Facebook acc

သားလေးဖြစ်တဲ့ ဂျက်ဂျက်လေးအပြင် အခုဆိုရင်နန်းမြတ်ဖြိုးသင်းဟာ ဒုတိယမြောက်ရင်သွေးလေးကိုပါ လွယ်ထားရပြီဖြစ်ပါတယ်နော်။ နန်းမြတ်ဟာ မိသားစုကိုအချိန်ပေးပြီးဂရုစိုက်တတ်တဲ့သူဖြစ်တာကြောင့် အနုပညာလှုပ်ရှားမှုတွေ နည်းသွားတာလည်းဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေသိပ်မရှိတော့ပေမယ့် ပရိသတ်တွေကတော့ နန်းမြတ်ကိုရော သူမရဲ့မိသားစုလေးကိုပါ အချစ်တွေပိုနေကြတာဖြစ်ပါတယ်။

Photo Credit-Nann Myat Phyo Thinn's Facebook acc
Photo Credit-Nann Myat Phyo Thinn's Facebook acc

နန်းမြတ်တို့မိသားစုလေးဟာ အမြဲပျော်ပျော်ရွှင်ရွှင်နဲ့ နေလေ့ရှိကြပြီးတော့ ခရီးလေးတွေလည်းအတူတူသွားတတ်ကြပါသေးတယ်။ မကြာသေးမီကလည်း နန်းမြတ်ဟာသူမရဲ့ Facebookစာမျက်နှာတွင် "Family Time" ဆိုတဲ့ captionလေးနဲ့ မိသားစုလိုက်ပျော်ပျော်ပါးပါးနဲ့ ဘားအံမှာပျော်ရွှင်နေတဲ့ပုံလေးတွေကို တင်ပေးလာပါတယ်။ ကဲ....ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Nann Myat Phyo Thinn's Facebook acc
Photo Credit-Nann Myat Phyo Thinn's Facebook acc

Source-Nann Myat Phyo Thinn's Facebook acc

Photo Credit-Nann Myat Phyo Thinn's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။