ချစ်ပရိသတ်ကြီးရေ တက်သစ်စ သရုပ်ဆောင် မင်းသမီးချောလေး ခန့်ကတော့ အနုပညာလောကထဲကို ဝင်ရောက်လာတာမကြာသေးပေမယ့် ပရိသတ်တွေနဲ့ မိတ်ဆက်ပေးစရာမလိုလောက်အောင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ခန့်က Forever Group က ရိုက်ကူးထုတ်လွှင့်တဲ့ ဇာတ်လမ်းတွဲလေးတွေထဲမှာ စတင်သရုပ်ဆောင်ခဲ့ပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ပရိသတ်ရင်ထဲ နေရာတစ်ခုကို အခိုင်အမာရယူထားနိုင်တဲ့သူလည်းဖြစ်ပါတယ်.....။

Photo credit - Khant's facebook page

ခန့်က မကြာသေးမီက ဇာတ်သိမ်းသွားခဲ့တဲ့ " အချစ်ဖွဲ့ လေညင်း " ဇာတ်လမ်းတွဲလေးထဲမှာ အတွင်းရေးမှူးမလေး ရှေးရေစက်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်တွေ အားပေးမှုတွေ များစွာကို ရရှိထားတာပဲဖြစ်ပါတယ်..။ မကြာခဏဆိုသလို အနုပညာလှုပ်ရှားမှုလေးတွေနဲ့ အပျင်းပြေ ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကိုလည်း တင်လေ့ရှိတာကြောင့် ပရိသတ်တွေက စောင့်မျှော်အားပေးနေကြတာပါနော်.။ ခန့်က အခုလက်ရှိမှာလည်း ပရိသတ်တွေ အလွမ်းပြေစေရန်အတွက် ပုံလေးတွေတင်ပေးလာတာပါနော်။

Photo credit - Khant's facebook page

ခန့်က ရိုးရှင်းလှပတဲ့ မြန်မာဝတ်စုံလေးကို ဝတ်ဆင်ကာ ကျက်သရေရှိရှိလှနေခဲ့ပြီး မြင်သူငေးရလောက်အောင် ချစ်စရာကောင်းလွန်းနေတာပဲ ဖြစ်ပါတယ်။ ခန့်ရဲ့ ပုံလေးတွေတိုင်းက ဆွဲဆောင်မှုရှိရှိလှနေတဲ့ အပြင် " မင်းချစ်တဲ့ မြန်မာဝတ်စုံလေး " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။ ကဲ ချစ်ရတဲ့ ပရိသတ်တွေလည်း မင်းသမီးချောလေး ခန့်ရဲ့ ပုံလေးတွေကို ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Photo credit - Khant's facebook page
Photo credit - Khant's facebook page

Source & Photo credit - Khant's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။