ပရိသတ်ကြီးရေ အဆိုတော်မေခလာကတော့ သရုပ်ဆောင်ရန်ကျော်နဲ့အတူ အေးအတူပူအမျှနဲ့ လက်တွဲနေထိုင်နေတာဖြစ်ပါတယ်။ရန်ကျော်ကလည်း ချစ်ဇနီးကို အရမ်းချစ်ပြီး အနောက်ကနေ တကောက်ကောက်လိုက်ကာ လိုအပ်သမျှကိုကူညီပေးနေတာဖြစ်ပါတယ်။မေခလာက ယနေ့ထိတိုင် အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ရန်ကျော်ကတော့ အနုပညာအလုပ်တွေနဲ့ဝေးကွာနေပါတယ်နော်။

Photo Credit:May KhaLar's Facebook Account
Photo Credit:May KhaLar's Facebook Account

မေခလာနဲ့ရန်ကျော်တို့မှာ ဆယ်ကျော်သက်အရွယ် သမီးချောလေးတစ်ယောက်လည်းရှိပြီး သမီးလေးကလိမ္မာရေးခြားရှိပါတယ်။ဖေဖေနဲ့မေမေတို့အပေါ်မှာလည်း သိတတ်ပြီး အေးအေးချမ်းချမ်းနေတတ်တဲ့ သမီးလေးကြောင့် မေခလာတို့ဇနီးမောင်နှံက စိတ်ချမ်းသာနေရတာဖြစ်ပါတယ်။ဒီနေ့လေးဟာဆိုရင်တော့ သမီးလေးရဲ့မွေးနေ့လေးဖြစ်ပြီး မေခလာက သမီးလေးနဲ့အတူ ပျော်ပျော်ပါးပါးလျောက်လည်ခဲ့တာဖြစ်ပါတယ်။

Photo Credit:May KhaLar's Facebook Account
Photo Credit:May KhaLar's Facebook Account
Photo Credit:May KhaLar's Facebook Account

မေခလာကတော့ "Happy birthday မီးမီးတုတ်တုတ်လေး ဒီနေ့သမီးနဲ့မေမေ အပျိုလုပ်ပြီး လျောက်လည်ကြ၊စားကြနဲ့ပျော်လိုက်တာ သမီးဖေဖေ မပါတော့လည်း နားလေးအေးနေသလားလို့ မေမေနဲ့ အရင်နှစ်တွေတုန်းကလို အတူလျောက်သွားချင်သေးတယ် သမီးလေးနားမှာနေရတော့ ပျော်တာပေါ့ တစ်သက်လုံးအကြာကြီးနေချင်ပါတယ် သမီးအလိမ္မာလေးရေ မေ့သမီးလေး ဝတုတ်လေး တစ်သက်လုံးစိတ်ချမ်းသာပါစေနော်"ဆိုပြီး သမီးလေးနဲ့ အမှတ်တရပုံရိပ်လေးတွေကို မျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:May KhaLar's Facebook Account
Photo Credit:May KhaLar's Facebook Account

Source&Photo Credit:May KhaLar's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။