ဇာတ်ပို့သရုပ်ဆောင်အိအိတုန်ကတော့ အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားနိုင်ခဲ့ပြီး ချစ်စရာကောင်းတဲ့ သမီးလေးအပြင် ရင်သွေးလေးကိုလည်း လွယ်ထားရသူလေးပဲဖြစ်ပါတယ်။သူမကတော့ ဗီဒီယိုဇာတ်ကားတွေမှာ ကျရာနေရာကနေ အကောင်းဆုံးပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်သူလေးပဲဖြစ်ပါတယ်။  သူမကတော့ ယခုမှာ စိတ်ပင်ပန်းမှုတွေလျော့သွားဖို့အတွက် အားလပ်ရက်လေးမှာ မိသားစုလေးနဲ့အတူ အနားယူနေပြီး ပျော်ရွှင်ကြည်နူးနေခဲ့ပါတယ်။ 

PHOTO CREDIT : EI TONE ' S FACEBOOK ACC
PHOTO CREDIT : EI TONE ' S FACEBOOK ACC

သူမကတော့ " ဒါကတော့မိသားစုစိတ်အပန်းဖြေစရာထဲကတခုအိတုန်ကအလုပ်လုပ်ရင်အလုပ်နဲ့တူအောင်လုပ်သလိုအပန်းဖြေရမဲ့အချိန်ဆိုလည်းအပီအပြင်ကိုဖြေပလိုက်တာလူတစ်ယောက်မှာအမြဲအလုပ်ပီးအလုပ်ဆိုတာတော့မဖြစ်နိုင်ဖူးမိသားစုအတွက်အချိန်ကိုယ့်ရဲ့စိတ်ပင်ပန်းမူလျှော့သွားအောင်တလတစ်ကြိမ်လောက်တော့အဲ့လိုလေးတွေဖန်တီးရမယ်အမြဲတမ်းတော့မဟုတ်ဖူးပေါ့အဲ့လိုတွေပီးသွားရင်အလုပ်လုပ်ဖို့အားအင်တွေကတဖန်အပြည့်ပြန်ဖြစ်တဲ့မမဗိုက်လေးပါအခုနောက်ပိုင်းအလုပ်လေးတွေနည်းနည်းလျှော့လုပ်တယ်  " ဆိုပြီးရေးသားထားပါတယ်။

PHOTO CREDIT : EI TONE ' S FACEBOOK ACC
PHOTO CREDIT : EI TONE ' S FACEBOOK ACC

သူမကတော့ " ကိုယ်ကမမဗိုက်မို့လေနေ့တိုင်းလွှင့်ခိုင်းနေတဲ့ချစ်တုန်းတွေစောင့်နေကြတဲ့ချစ်တုန်းတွေကျေးဇူးပါမမွေးခင်ထိနိုင်သလောက်လွှင့်ပေးပါမယ်နော်စနေနေ့မနက်ဖန်မှာပိန်တဲ့မမတွေညီမတွေတွက်Liveလာပါမယ်အချိန်ပြန်တင်ပေးမယ်နော် "ဆိုပြီး သူရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင်အိအိတုန်တို့ မိသားစုလေးရဲ့ ပျော်ရွှင်နေကြတဲ့ ကြည်နူးစရာမိသားစုပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ 

SOURCE :EI TONE ' S FACEBOOK ACC

PHOTO CREDIT : EI TONE ' S FACEBOOK ACC
PHOTO CREDIT : EI TONE ' S FACEBOOK ACC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။