အဆိုတော်ရွှေထူး ရဲ့ စိတ်ဓာတ်လေးကတော့ လူငယ်တိုင်း လေးစားအတုယူစရာပါပဲ။ ကိုယ်ပိုင်သံစဉ်သီချင်းကောင်းလေးတွေရေးဆိုခဲ့တဲ့ ရွှေထူး ဟာ စိတ်ကူးယဉ်စာအုပ် အယ်ဘမ်နဲ့ အနုပညာလောကမှာနေရာတစ်နေရာရရှိနေပြီဖြစ်သလို ပရိသတ်တွေပိုတိုးလာဖြစ်ပါတယ်။ ချစ်သူကောင်မလေးနဲ့ Long Distance Relationship ဖြစ်နေတဲ့ ရွှေထူးကတော့ သူ့ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး Myanmar People Magazine ကို အခုလိုဖြေခဲ့တယ်လို့ သိရပါတယ်။

မိဘကို ပြည့်စုံအောင် ထားချင်သေးလို့ လတ်တလောမှာ အိမ်ထောင်ပြုဖို့ အစီအစဉ်မရှိသေးပါဘူးလို့ ရွှေထူးက ပြောပါတယ်။

“အိမ်ထောင်ပြုဖို့ကတော့ စောပါသေးတယ်။ ကောင်မလေးဘက်ကလည်း သူ့မိဘကိုသူ ရှာကျွေးချင်ဦးမှာပေါ့နော်။ ကျွန်တော်လည်း ကျွန်တော့်မိဘကို ကျွန်တော် ပြည့်စုံအောင် ထားချင်သေးတယ်။ မိဘတွေကို ပြည့်စုံအောင်ထားပြီး ကျွန်တော့်မိသားစုအတွက် ဆွေမျိုးအသိုင်းအဝိုင်းအတွက် တာဝန်ကျေပြီဆိုမှ အိမ်ထောင်ပြုမယ့် ကိစ္စကို ကျွန်တော်စဉ်းစားမှာပါ။ လောလောဆယ်တော့ အိမ်ထောင်ပြုဖို့ကိစ္စ မစဉ်းစားသေးပါဘူး။” လို ပြောပါတယ်။

အိမ်ထောင်ပြုဖို့ မစဉ်းစားသေးဘူးလို့ဆိုတဲ့ ရွှေထူးက သီချင်းရေးတဲ့အခါမှာတော့ အသဲကွဲတဲ့ အချိန်တွေမှာ ရေးတတ်တယ်လို့ ဆိုပါတယ်။

“ကျွန်တော်အသဲကွဲရင် သီချင်းရေးတယ်။ ပျော်နေရင် သီချင်းရေးဖို့ သိပ်အဆင်မပြေဘူး။ ရှာကြံပြီး အသဲကွဲတယ်။ ရှာကြံကွဲတယ်ဆိုတာ ဂျာနယ်တစ်ခုဖတ်လိုက်တယ်။ ကောင်လေးဘက်က အရမ်းသနားဖို့ကောင်းတယ်။ ကောင်မလေးက ပစ်သွားတယ်ပေါ့နော်။ ထူးထူးဆန်းဆန်းအကြောင်းအရာလေး တစ်ခုနဲ့ ပစ်သွားတယ်။ ကိုယ်စိတ်ဝင်စားစေတဲ့ အကြောင်းအရာလေး ဥပမာအားဖြင့် သူ့နေရာမှာဝင်ပြီး ကိုယ်တိုင်ခံစားလိုက်တယ်။ အဲ့အတွက်ကြောင့် ကျွန်တော်သီချင်းရေးဖြစ်တယ်ပေါ့နော်။” လို့ ရွှေထူးက ပြောပါတယ်။

ဆယ်ကျော်သက် မိန်းကလေးတွေ အသည်းစွဲ ရွှေထူးက သီချင်းရေးတဲ့အခါမှာ သူ့စိတ်ခံစားချက်တွေကိုသာ ရေးသားတတ်ပြီးတော့ သူ့စိတ်ကြိုက်ရေးတဲ့ သီချင်းတွေကလည်း ပရိသတ်ခံစားချက်နဲ့ ထပ်တူကျသွားတတ်တယ်လို့ သိရပါတယ်။

သတင်းအရင်းမြစ် htoo khant,Myan people magz

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။