ပရိသတ်ကြီးရေ မင်းသမီးချောလေး ဖြူဖြူထွေးကတော့ အချိန်အတိုတွင်း ကြိုးစားအားထုတ်မှုတွေကြောင့် နေရာတစ်နေရာကို ရပ်တည်ထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမက ကြော်ငြာတွေကို များစွာရိုက်ကူးလာသလို နိုင်ငံကျော်ဝါရင့်သရုပ်ဆောင်များနဲ့လည်း ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်နေပြီလည်းဖြစ်ပါတယ်။ ဖြူဖြူထွေး ဟာ တက်သစ်စအနုပညာရှင်တစ်ယောက်ဆိုပေမယ့် သရုပ်ဆောင်ပိုင်းမှာ ဘယ်လိုပုံစံမျိုးတွေပဲဖြစ်ဖြစ် သဘာဝကျကျ ပီပြင်အောင်သရုပ်ဆောင်နိုင်တာကိုလည်းတွေ့ရပါတယ်။

Photo Credit - Amazing Grace
Photo Credit - Amazing Grace

သွက်သွက်လပ်လပ်နဲ့ စကားပြောရင်လည်း ပွင့်ပွင့်လင်းလင်း ပြောဆိုတက်သလို စိတ်သဘောထားပြည့်ဝသူလေးပဲဖြစ်ပါတယ်။ ဒါ့အပြင် ဖြူဖြူထွေး က သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို ပရိသတ်တွေအတွက် အမြဲဖော်ပြပေးတာတွေ့ရပါတယ်။ ယခုမှာဆိုရင်လည်း အချစ်တော်လေး ဖြူဖြူထွေး ပရိသတ်တွေအလွမ်းပြေအောင် မန္တလေးကျုံးဘေးမှာ ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကိုတင်ပေးလာခဲ့ပါတယ်။

Photo Credit - Amazing Grace
Photo Credit - Amazing Grace

ဒီပုံလေးတွေထဲမှာတော့ ဖြူဖြူထွေက လွတ်လပ်ပေါ့ပါးတဲ့ အားကစားဝတ်စုံလေးကို အထာကျကျဝတ်ကာ ဟန်ဆောင်မှုကင်းတဲ့ အပြုံးလေးတွေနဲ့ ပရိသတ်တွေ ချစ်အားပိုအောင် ဖမ်းစားလိုက်ပြန်ပါပြီနော်...။ ဟန်ဆောင်မှုကင်းပြီး ဆွဲဆောင်မှုရှိရှိ ချစ်စရာကောင်းလာတဲ့ ဖြူဖြူထွေးရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေ သဘောကျကြိုက်နှစ်သတ်မယ်လို့ မျှော်လင့်မိပါတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ အားကစားဝတ်စုံလေးနဲ့ လှရက်လွန်းနေတဲ့ ဖြူဖြူထွေးရဲ့ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Amazing Grace
Photo Credit - Amazing Grace

Photo Credit - Amazing Grace

Source - Phyu Phyu Htwe's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။