မင်းသမီးချောလေးခေးဆက်သွင်ကတော့ MRTV 4 ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း သရုပ်ဆောင်ကောင်းလွန်းတာကြောင့် ပရိသတ်တွေရဲ့ စတင်သတိထားခြင်းကိုခံရတဲ့ မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ ယခုမှာတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိနေပြီဖြစ်တဲ့ သူမကတော့ ကျရာနေရာမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ 

Photo credit : Khay Sett Thwin's Fb account
Photo credit : Khay Sett Thwin's Fb account

အနုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်လျက်ရှိနေပြီး ဇာတ်လမ်းတွဲတွေကို ရိုက်ကူးလျက်ရှိနေသလို ကြော်ငြာတွေကိုလည်း ရိုက်ကူးလျက်ရှိနေခဲ့တဲ့ သူမကတော့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ပေးလေ့ရှိပါတယ်။ ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားနိုင်ခဲ့တဲ့ သူမကတော့ လွတ်လွတ်လပ်လပ်နေထိုင်တတ်သူလေးဖြစ်ပြီး Tiktokလေးတွေကိုလည်း ဆော့ကစားလေ့ရှိသူလေးပဲဖြစ်ပါတယ်။ 

Photo credit : Khay Sett Thwin's Fb account
Photo credit : Khay Sett Thwin's Fb account

ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာတစ်ခုကိုရယူထားနိုင်ခဲ့တဲ့ သူမကတော့ ဩဂုတ်လအစမှာ အောင်ဘာလေထီဆုကိုဆွတ်ခူးနိုင်ပြီး ကံကောင်းခြင်းတွေပိုင်ဆိုင်နိုင်ခဲ့လို့ အတိုင်းမသိပျော်ရွှင်နေခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးခေးဆက်သွင်ရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံစံလေးနဲ့ လှပနေတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါချစ်စရာပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။ 

Source - Khay Sett Thwin's Fb account my day

Photo credit : Khay Sett Thwin's Fb account my day
Photo credit : Khay Sett Thwin's Fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။