ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ယုန်လေးကတော့ အဆိုတော်တစ်ယောက်အဖြစ်လည်း ရပ်တည်လျက်ရှိနေသလို ဒါရိုက်တာတစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးလျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ ယုန်လေးကတော့ စိတ်သဘောထားကောင်းပြီး လူတိုင်းကို ကူညီတတ်တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ 

PHOTO CREDIT : YONE LAY ' S FACEBOK ACC
PHOTO CREDIT : YONE LAY ' S FACEBOK ACC

ဖြူစင်တဲ့ စိတ်ဓာတ်ကြောင့် ပရိသတ်တွေအချစ်ပိုရတဲ့ ယုန်လေးကတော့ သီချင်းအသစ်လေးတွေကိုလည်း ထွက်ရှိဖို့ ကြိုးစားလျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ် ။ ယုန်လေးကတော့ ယခုမှာ အနုပညာအလုပ်တွေကိုလည်း ဆက်လက်လုပ်ကိုင်လျက်ရှိနေပါတယ်။ယုန်လေးကတော့ အောင်ဘာလေထီသိန်း ၁သောင်းခွဲ ပေါက်သွားတဲ့ သူငယ်ချင်းဖြစ်သူအတွက် ဝမ်းသာဂုဏ်ယူနေမိတဲ့ အကြောင်း လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။

PHOTO CREDIT : YONE LAY ' S FACEBOK ACC
PHOTO CREDIT : YONE LAY ' S FACEBOK ACC

ယုန်လေးကတော့ " ဒီနေ့ ထီ သိန်း ၁သောင်းခွဲ ပေါက်ပါပြီကျွန်တော်မဟုတ်ဘူး ကျွန်တော့် သူငယ်ချင်း ဘာပဲ ပြောပြော ရန်ကုန် ကလူတွေ ကံပွင့်လာပြီ . ကိုယ်တွေများ ၅သောင်း ဆုကို ၂ နှစ် နေလောက်မှ တစ်ခါပေါက်တယ် . သူနားနည်းနည်း သွားပြီးကံကောင်းတဲ့ ဓာတ်တွေ လာယူတာ .ဂုဏ်ယူပါတယ် ကံထူးရှင်ကြီး ကိုကျော်စွာ "ဆိုပြီး သူရဲ့ လူမှုကွန်ယက်မျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ယုန်လေးရဲ့ သူငယ်ချင်းဖြစ်သူအတွက်ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ 

SOURCE : YONE LAY ' S FACEBOK ACC

PHOTO CREDIT : YONE LAY ' S FACEBOK ACC
PHOTO CREDIT : YONE LAY ' S FACEBOK ACC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။