Support ဆိုပေမဲ့ Hero တွေကို အသာလေးအလွယ်တကူသတ်နိုင်တာကတော့ Diggie ပဲဖြစ်ပါတယ်။ သူူရဲ့ Spell တွေကို Rework ပြန်လုပ်ပြီးချိန်ကစပြီး Diggie ဟာအရင်ကထက် ပိုလူကိုင်တာများလာပြီး ကြမ်းလာခဲ့တာဖြစ်ပါတယ်။ အသင်းအတွက်လဲ Support ကောင်းကောင်းပေနိုင်သလို ရန်သူတွေကိုလဲ သတ်လို့ရပါတယ်။ ပရိသတ်တွေလဲ သူ့ကိုအရင်ကထက်ပိုကြိုက်လာမယ်လို့ထင်ပါတယ်။ အောက်မှာဆိုရင်တော့ သူရဲ့ Spell အကြောင်ေးလးနည်းနည်းပြောထားပါတယ်။  

Skill 1ကတော့ ဇီးကွက်ဗုံးလေးတွေ ပစ်လိုက်တာဖြစ်ပြီး ၃ကြိမ်ထိစုလို့ရကာ ဗုံးဟာ ရန်သူရှိရာနေရာကို သွားရောက်ပေါက်ကွဲကာ Damage ထိစေမှာပါ။ တကယ်လို့အဲ့ဗုံးချရာနေရာမှာ ရန်သူမရှိပါက စက္ကန့်၃၀လောက် ရှိနေပြီးနောက် သူ့အလိုလိုပျောက်သွားပါလိမ့်မယ်။ Skill 2ကတော့ ရန်သူကို Lock ချဖမ်းလိုက်တာဖြစ်ပြီး ရန်သူဟာ အဝေးကိုအရမ်းထွက်ပြေးပါက မူလေနေရာကို ပြန်ဆွဲမှာဖြစ်ကာ Magic Damage ထိစေပါတယ်။ Ulti ကတော့ သုံးလိုက်တဲ့အချိန်ခဏမှာ ကိုယ့်အသင်းက တစ်ဖက်သူူတွေရဲ့ Spell တွေကို Immune ထစေမှာဖြစ်ပြီး အကာအကွယ်လေးတစ်ခု ပေါ်လာပါလိမ့်မယ်။  

Passive ကတော့ သူဟာ ဥပေါက်စ အချိန်ကို သေတဲ့အခါပြန်ရောက်သွားမှာဖြစ်ပြီး အဲ့ဥပုံစံရဲ့ Skill တွေကိုလဲ ရမှာဖြစ်ပါတယ်။ Battle ဆိုင်တဲ့အခါမှာဆိုရင်တော့ Spell 1 လေးတွေကို ပစ်ပေးပါ...ပြီးတော့မိရာရန်သူကို Spell ထောက်ပေးပါ။ Ulti ကတော့ ကိုယ့်အသင်းအတွက် Spellတွေ Immune ဖြစ်အောင်လုပ်ပေးတာမို့ ချင့်ချိန်တွက်ဆပြီး သုံးပါ။  

သတင်းအရင်းမြစ် DevilKnight

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။