မင်းသမီးချောလေးရွှေပိုးအိမ်ကတော့ အနုပညာလောကမှာနေရာတစ်ခုကို ရယူထားနိုင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ကျရာနေရာမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်တဲ့ မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ သူမကတော့ ချစ်စရာကောင်းလွန်းတဲ့ အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားပြီး ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ 

Photo credit : shwe poe eain ' s facebook acc
Photo credit : shwe poe eain ' s facebook acc

နာရေးကူညီမှုအသင်း(ရန်ကုန်) ကတော့ ယနေ့မှာ  COVID -19 ရောဂါကာကွယ်တားဆီးထိန်းချုပ်ရေးကာလတွင် ကိုယ်ကျိုးစွန့်၍ အများပြည်သူတိုရဲ့ ကျန်းမာရေးအတွက် တစ်ဖက်တစ်လမ်းမှ ကာကွယ်ပေးခဲ့ကြသော သူများအား ဂုဏ်ပြုချီးမြှင့်ပေးခဲ့ပါတယ်။ အဆိုပါအခမ်းအနားတွင် မင်းသမီးချောလေးရွှေပိုးအိမ်တစ်ယောက် Covid ကာလအတွင်း မြန်မာပြည်သူတွေကို တစ်ဖက်တစ်လမ်းက ကူညီပေးခဲ့မှုကြောင့် သူရဲကောင်းဆုကို ရရှိခဲ့ပါတယ်။ 

Photo credit : shwe poe eain ' s facebook acc
Photo credit : shwe poe eain ' s facebook acc
Photo credit : shwe poe eain ' s facebook acc

သူမကတော့ "ကျေးဇူးတင်ပါတယ်ရှင် နာရေးကူညီမှု အသင်း ရန်ကုန် "ဆိုပြီး သူရဲ​ကောင်းဆုကို ဆွတ်ခူးခဲ့တဲ့ ချစ်စရာပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးရွှေပိုးအိမ်ရဲ့ သူရဲကောင်းဆုကို ဆွတ်ခူးနိုင်ခဲ့လို့ အတိုင်းမသိပျော်ရွှင်နေခဲ့တဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။  

Source : shwe poe eain ' s facebook acc 

Photo credit : shwe poe eain ' s facebook acc
Photo credit : shwe poe eain ' s facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။