မကြာသေးခင်ကမှ အသက် ၂၉ နှစ်ပြည့်ထားတဲ့ သရုပ်ဆောင်အောင်ရဲလင်းဟာ မွေးနေ့မှာ ချစ်သူခင်သူတွေနဲ့ အတူ

Surprise Birthday Party လေးတစ်ခုကျင်းပခဲ့ပါတယ် ။ ချစ်သူကစီစဉ်ပေးခဲ့တဲ့ ထို Surprise မွေးနေ့ပွဲလေးဟာ ဘဝမှာ ပထမဆုံး Surprise ပါပဲလို့ ဆိုတဲ့

အောင်ရဲလင်းက 

" လက်ဆောင်တွေကတော့ အများကြီးရတယ်ဆိုတာထက်ကျွန်တော့်မွေးနေ့ မှာ ပျော်ပျော်ရွှင်ရွှင် နဲ့လာပေးကြတဲ့အတွက်ပိုပြီးတော့ ဝမ်းသာမိပါတယ် "

လို့ Duwun Media ရဲ့ အင်တာဗျူးမှာပြောကြားသွားခဲ့ပါတယ် ။ အောင်ရဲလင်းရဲ့ မွေးနေ့ပွဲကို Beauty Blogger နေခြည်ဦးက စီစဉ်ပေးခဲ့ပြီး မိတ်ဆွေအမြောက်အများနဲ့ facebook live လွှင့်ခဲ့ပါတယ် ။ ထို live ကိုမြင်တွေ့တဲ့ ပရိတ်သတ်များက ဝိုင်းဝန်းဆုတောင်းပေးခဲ့ကြတာပါ ။ နေခြည်ဦး ဟာလည်း မိန်းကလေးပရိတ်သတ်အမြောက်အများပိုင်ဆိုင်ထားတဲ့ အောင်မြင်တဲ့ Blogger တစ်ယောက်ဖြစ်ပါတယ် ။

လူအများစိတ်ဝင်စားနေကြတဲ့ သူ့ရဲ့ အချစ်ရေးနဲ့ပါတ်သတ်ပြီးတော့လည်း

''နောက်ထပ် Surprise ဆိုတာကိုတော့ မမျှော်လင့်ပါဘူး၊ ကောင်းတာလုပ်ရင်ကောင်းတာဖြစ်လာမယ်၊ ကျွန်တော် ဘာလုပ်လုပ် အကောင်းဆုံးဖြစ်အောင်ကြိုးစားတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ကံတရားကိုယုံကြည်တဲ့ အတွက် မျှော်လင့်ချက်ဆိုတာတော့ အများကြီးမထားပါဘူး။ကျွန်တော့်အနေနဲ့ အိမ်ထောင်ပြုဖို့ဆိုတာလည်းအများကြီးလိုပါသေးတယ်။ ဖူးစာဆိုတာက ကျွန်တော် ကိုယ်တိုင် လည်း လုပ်ယူလို့မရဘူးလေ။ ဖူးစာပါတဲ့အချိန်ကိုစောင့်ရမှာပေါ့ဗျာ။

အချစ်ရေးနဲ့ပတ်သက်လို့ အမှတ်တရဆိုတာမရှိခဲ့ပါဘူးအေးအေးဆေးဆေး ဖြစ်တဲ့ Relationship ကိုပဲ ကျွန်တော်သဘောကျတယ်။ အချစ်နဲ့ပတ်သက်လာရင် ကျွန်တော်ကလည်းချစ်ရမယ်၊ သူကလည်း ချစ်ရမယ်ပေါ့၊ အဲ့ဒီအထဲကမှ ချောတာ၊လှတာ၊ ပိန်တာ၊ဝတာ ကျွန်တော့်အတွက်အရေးမကြီးပါဘူး၊ အရေးကြီးကတာ ခုန ကျွန်တော်ပြောတဲ့အချက်ပဲပေါ့ ကိုယ့်အပေါ်မှာလည်း သူနားလည်ပေး၊ သူ့အပေါ်မှာလည်း ကိုယ်နားလည်ပေးရင် ရပါပြီ၊ ကျန်တာတွေက အဲ့ဒီလောက်အရေးမကြီးပါဘူး'' လို့ လဲဆိုသွားပါတယ် ။ 

ထပ်မံပြီးတော့ ...

" လွန်ခဲ့တဲ့အသက် ၂၅၊ ၂၆ လောက်အထိကတော့ ပေါ့ပေါ့ပါးပါးပဲနေခဲ့တယ်။အလုပ်အပေါ်ကိုလည်း အဲ့လောက် ထိအားစိုက်တာမျိုး မရှိခဲ့ဘူး။ကျွန်တော် တွေ့ရင် ရိုက်လိုက်တယ်၊ ကောင်းတာမကောင်းတာမသိဘူး။ အသက် ၂၆ ကျော် သွားတဲ့ အချိန်မှာ ကိုယ့်အလုပ်နဲ့ပတ်သက်ရင် တာဝန်ယူချင်စိတ်ပိုများလာတယ်။အခုအသက် ၂၉ နှစ်အရွယ်မှာ စိတ်တွေရော ပုံစံတွေ ရော အရာအားလုံးပြောင်းလဲသွားတယ် လို့ ကိုယ့်ကို မြင်တယ်။ ဒါကလည်း ကောင်းတဲ့ပြောင်းလဲခြင်းဖြစ်တာကြောင့် အလုပ်နဲ့ပတ်သက်ရင် တာဝန်ယူချင်စိတ်ပိုဖြစ်လာတဲ့ အတွက်ရိုက်ရတဲ့ ဇာတ်ကားတွေကိုလည်း ကျွန်တော့်ပရိသတ်တွေ ကြည့်ရ တဲ့သူက တန်ရင် အဆင့်ရှိ တယ်ကောင်းတယ်ဆိုရင် ကျွန်တော်ကျေနပ်ပါတယ် " လို့ Duwun Media ကအင်တာဗျူးမှာပြောကြားသွားကြောင်းသိရှိရပါတယ် ။

သတင်းအရင်းမြစ် Duwun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။