မိန်းကလေးတွရော ယောက်ျားလေးတွေကြားမှာ ဖက်ရှင်ကျကျနေနိုင်ဖို့က ပထမပါ။ အဲ့ဒီလို ဖက်ရှင်ကျကျ ဖြစ်ဖို့အတွက် ခေတ်စားနေတဲ့ trends တွေကို အမှီလိုက်နိုင်ရပါမယ်။ သူမရဲ့ ပရိသတ်တွေ အသဲအသန်ချစ်ကြတဲ့ ဖွေးစိန်လေးကတော့....

အခုနောက်ပိုင်းမှာ နိုင်ငံခြားမှာရော ပြည်တွင်မှာပါခေတ်စားလာတဲ့ trend တစ်မျိုးက နှာခေါင်းဖောက်ခြင်းဘဲဖြစ်ပါတယ်။ နှာခေါင်းဖောက်တဲ့နေရာမှာ နေရာမျိုးစုံကို ဖောက်ကြပြီး လူငယ်တွေ မိန်းကလေးတွေ အများဆုံး ဖောက်တဲ့နေရာကတော့ နှာခေါင်းပေါက်အပေါ်မှာ ဖောက်တာနှင့် နှာခေါင်းပေါက် နှစ်ခုကြားက နှာရိုးနုနုလေးမှာဖောက်တဲ့ septum piercings ပါဘဲ။

သရုပ်ဆောင်ဖွေးဖွေးဖောက်ထားတာကတော့ septum piercings လို့ခေါ်ပါတယ်။ သူက အိန္ဒိယ ယဉ်ကျေးမှုအရဆိုရင် လက်ထပ်ဖို့အရွယ်ရောက်ပြီဆိုပြီး ယူဆချက်နှင့်ဖောက်ကြတာပါ။ နိုင်ငံခြားက celebrity တော်တော်များများလည်းဖောက်ကြပါတယ်။ နှာခေါင်းရိုးကြားမှာ ဖောက်ထားတော့ ကိုယ် မဝတ်ချင်တဲ့ အချိန်ကျရင် ဖောက်ထားမှန်းမသိသာတဲ့အတွက်တော်တော်ခေတ်စားလာတာပါ။

နိုင်ငံတကာကို အမှီလိုက်ဖို့ အတွက် ကြိုးစားလာကြတဲ့ မြန်မာသရုပ်ဆောင်တွေထဲမှာ ခေတ်နှင့်အမှီလိုက်နေတဲ့သူရှိတော့ကောင်းတာပေါ့နော်။ ဖွေးဖွေးကတော့ အဲ့ဒီလို နှာခေါင်းဖောက်ထားတာလေးနှင့်တော်တော်ကို မိုက်ပြီး ချစ်ဖို့ကောင်းနေပါတော့တယ်။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။